Homeသတင်းသထုံမြို့နယ် နောင်ဘိုကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ်၊ ၄)

သထုံမြို့နယ် သုဝဏ္ဏဝတီးမြို့ နောင်ဘိုကျေးရွာ သုံးရာသီဆီဆိုင်ရှေ့တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ယနေ့ (ဩဂုတ် ၄ ရက်) နေ့လည် ၁၁ နာရီကျော်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၂ ဦးကို ဟိုက်ဂျက်ကားမှ တိုက်ပြီး မောင်းပြေးသွားကြောင်း  သိရသည်။

လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ဆိုင်ကယ်ကို ဟိုက်ဂျက်ကားလေးက တိုက်ပြီးမောင်းပြေးသွားတယ်။ ဆိုင်ကယ်မောင်းလာသူ နှစ်ယောက်ထဲက တစ်ယောက်ကတော့ သေဆုံးနေပြီဖြစ်လို့ ကျန်တစ်ယောက်ကို ရှေ့ဦးသူနာပြုစုပေးပြီး ဆေးရုံပို့ဆောင်ပေးတယ်” ဟု ပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ အသက် ၂၈ နှစ်ရှိ ကိုအောင်သန်းဦး ဖြစ်ပြီး သထုံသဲအင်းတွင်  နေထိုင်သူတစ်ဦး ဖြစ်ကြောင်း၊ သေဆုံးသူ ရုပ်အလောင်းကို လူမူကယ်ဆယ်ရေးအဖွဲ့ဝင်များက  သိမ်ဆိပ်ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အလားတူ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်က္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဇူလိုင် ၃၁ ရက် နေ့လည် ၁ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Topics; #သထုံမြို့ #ယာဉ်တိုက်မှု #သေဆုံး

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts