Homeသတင်းမွန်တွင် မြေပဲဝယ်လိုအားများလာ၍ ‌ဈေးနှုန်း မြင့်တက်

မွန်တွင် မြေပဲဝယ်လိုအားများလာ၍ ‌ဈေးနှုန်း မြင့်တက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၇)

မွန်ပြည်နယ်တွင် ယခုနှစ် ဇွန်လအတွင်း မြေပဲ ဝယ်လိုအား များလာ၍ ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း ပဲ၊ နှမ်း လုပ်ငန်းရှင် တစ်ဦးထံက သိရသည်။

ပြည်တွင်း‌၌ မြေပဲကို ကုန်ကြမ်းအဖြစ်ဝယ်ယူပြီး စားအုန်းဆီထုတ်လုပ်မှု ပိုမို လုပ်ဆောင်လာကြသည့်အတွ်က မြေပဲဈေးနှုန်း မြင့်တက်လာကြောင်း၊ စားအုန်းဆီဈေးနှုန်း မြင့်တက်နေ သောကြောင့် မြေပဲ နှင့် နှမ်းဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဈေးနှုန်းက တက်သွားတယ်ဆိုတာက ခုနက ဆီဈေးနှုန်းက ပါသွားတာ။ ဆီဈေးနှုန်း တက်သွားလို့ ပါသွားလို့ မြေပဲတွေ နှမ်းတွေ ဈေးတက်လာတာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လတွင် မြေပဲ တစ်တင်းကို ငွေကျပ် ၆၄၀၀၀ ကျပ်သာ ပေါက်ဈေးရှိခဲ့သော်လည်း ဇွန်လအတွင်း မြေပဲ တစ်တင်းကို ၈၇၀၀၀ ကျပ်အထိ ဈေးမြင့်တင်လာခဲ့ကြောင်း ဆက်ပြောသည်။

ပြည်တွင်း ဆီဈေးကွက်အတွင်း မြေပဲဆီ ၁၀ ပိဿာ တစ်ပုံးကို ငွေကျပ် တစ်သိန်း ပေါက်ဈေးရှိကြောင်း မော်လမြိုင်မှ စားအုန်းဆီ လက်လီလက္ကားရောင်းချနေသူ တစ်ဦးက ပြောသည်။

“ဆီဈေးတွေက အကုန်တက်နေတယ်။ တော်တော်တက်လာတယ်။ အခုဆို မြေပဲဆီတွေပါ ဈေးကောင်းနေတော့ မြေပဲတွေလည်း ‌ဈေးမြှောက်လာတာပေါ့”ဟု ၎င်းက ပြောသည်။

 မွန်ပြည်နယ်အတွင်း မြေပဲကို ကျိုက်ထို၊ ဘီလင်း၊ မော်လမြိုင်၊ ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်တို့တွင် စိုက်ပျိုးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts