Homeငြိမ်းချမ်းရေးမွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် မွန်ကျေးရွာအကြီးအကဲများ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကရင်စစ်ဘေးရှောင်များအား ဆန်အိတ်လှူဒါန်း

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် မွန်ကျေးရွာအကြီးအကဲများ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကရင်စစ်ဘေးရှောင်များအား ဆန်အိတ်လှူဒါန်း

-

မွန်သတင်းအေဂျင်စီ (၂၀ မေ ၂၀၂၂)

မွန်ပြည်သစ်ပါတီ NMSP မော်လမြိုင်ခရိုင်နှင့် ထိန်းချုပ်နယ်မြေအတွင်းရှိ မွန်ကျေးရွာအကြီးအကဲများ စုပေါင်း၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကရင်စစ်ဘေးရှောင်များအား မေလ ၁၉ ရက်နေ့က ဆန်အိတ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

NMSP မော်လမြိုင်ခရိုင်အတွင်းရေးမှူး နိုင်ဗညားမဲ့စန်းက “ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ ကျနော်တို့မြို့နယ်နဲ့ ခရိုင်ပူးပေါင်းပြီး အလှူငွေကောက်ခံတာ ဆန်အိတ် ၁၀၀ လောက်ရပါတယ်၊ မနေ့က ကျနော်တို့ရောက်သွားတဲ့အချိန်မှာ စစ်ရှောင်တွေရှိတဲ့နေရာ သိပ်မတွေ့ရတော့ပါဘူး၊ မွန်ရွာတွေအကြား ခိုလှုံနေကြတဲ့စစ်ရှောင်တချို့ကိုလည်း လိုက်မေးပြီးတော့ ဆန်ထောက်ပံ့ပေးခဲ့ပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒရယ်ကွင်း၊ ကွမ်ကသောင်၊ ဖာတလဲရွာတို့ကို ဆန်အိတ် ၂၅ အိတ်ထောက်ပံ့ပေးခဲ့ကြောင်း ၄င်းကဆိုသည်။

သို့ရာတွင် ယခုအခါ စစ်ဘေးရှောင်များ နေအိမ်သို့ပြန်လည်ရောက်ရှိသွားကြသဖြင့် လူဦးရေ ၅၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံကရင်ကျေးရွာအကြီးအကဲများ ခန့်မှန်းပြောကြားခဲ့သည်ဟု သိရသည်။

 မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့များအကြား ယခုလဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သောတိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ကရင်ကျေးရွာများဖြစ်သည့်

ခလယ်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ နောင်းဒေ့၊ ဘုရားငါးဆူ၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ တံခွန်တိုင်ရွာလေး၊ ပူလိန်၊ ဒိုင်လွတ်နှင့် ကမော့ဝမ်းကျေးရွာများမှ စစ်ဘေးရှောင်တစ်ထောင်ကျော်ခန့် နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာ ဝင်းရော်ချောင်းအရှေ့ခြမ်းဘက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts