Homeသတင်းလာမည့် ငါးဖမ်းရာသီတွင် ငါးဖမ်းလှေပြန်ထွက်ရန် ခက်ခဲနေ

လာမည့် ငါးဖမ်းရာသီတွင် ငါးဖမ်းလှေပြန်ထွက်ရန် ခက်ခဲနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၄)

မွန်ပြည်နယ်အတွင်းက ငါးဖမ်းလှေများသည် လာမည့် ငါးဖမ်းရာသီတွင် လှေပြန်ထွက်ရန် အခက်အခဲရှိနေကြောင်း ငါးလုပ်ငန်းရှင်များထံက သိရသည်။

ပြီးခဲ့သည့် ငါးဖမ်းရာသီတွင် အရှုံးပေါ်ခဲ့ခြင်း၊ လုပ်ငန်းရပ်နားလိုက်ရခြင်းများကြောင့် လှေပြန်ထွက်ရန် ငွေကြေးအခက်အခဲရှိနေကြောင်း မော်လမြိုင်က ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“လုပ်ရင်းလုပ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ အရှုံး တစ်လ နှစ်လလောက် အရှုံးပြတာနဲ့ အခု သိမ်းလိုက်တာပေါ့၊ လုပ်ငန်းတွေ ရပ်ထားတာပေါ့၊ ကျွန်တော်တို့က ဒီကုန်ဈေးနှုန်းတွေက ဥပမာအားဖြင့် ငါးဈေးကတော့ မတက်ဘူးဗျာ၊ ကျန်တဲ့ ကုန်ဈေးနှုန်းတွေက အကုန်လုံး လိုက်တက်နေတယ် ဆိုလို့ရှိရင်တော့ ငါးဒိုင်တွေမှာ ငွေချေးရတာပေါ့”ဟု ၎င်းက ပြောသည်။

စက်သုံးဆီဈေးနှုန်းမြင့် တက်လာခြင်း၊ ငါးဖမ်းရမှု နည်းလာခြင်းကြောင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး လာမည့် ငါးဖမ်းရာသီတွင် လှေထွက်ရန် အရင်းအနှီးလိုနေကြောင်း ၎င်းက ဆက်ပြောသည်။

ပိတ်သိမ်းရာသီချိန်မှာ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် ရာသီဖွင့်ချိန်တွင် လှေထွက်နောက်ကျနိုင်ကြောင်း ထို့ပြင် တရားမဝင် ငါးဖမ်းလှေများကြောင့် ငါးရရှိမှုနှုန်းလည်း လျော့နည်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“တရားမဝင်တဲ့ လှေတွေပေါ့လေ လိုင်စင်မရှိတဲ့ လှေတွေကလည်း ထွက်နေကြတာပဲ လိုင်စင်ရှိတဲ့ လှေကြတော့ ထွက်လို့မရဘူး၊ တခြား အချိန်မှာ ဖမ်းတာနဲ့ ဒီအချိန်မှာ ဖမ်းတာ မတူဘူးလေ၊ ဒီအချိန်မှာ ဖမ်းတာက ငါးအသေးအမွားတွေ ပိုမိတယ်” ဟု ၎င်းက ပြောသည်။

တရားမဝင်ငါးဖမ်းလှေများကို သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း ဖမ်းဆီးအရေးယူမှု အားနည်းနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်းတွင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေပေါင်း ၂၀၀၀ နီးပါး ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts