Homeသတင်းမော်လမြိုင်ကမ်းနားလမ်းရှိ Glow Bar အသံဗုံးဖောက်ခွဲခံရ

မော်လမြိုင်ကမ်းနားလမ်းရှိ Glow Bar အသံဗုံးဖောက်ခွဲခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ‌၁၃)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရာမညစင်တာအပေါ်ထပ်က Glow Bar ကို မေ ၁၂ ရက် ည ၁၀ နာရီအချိန်ခန့်က အသံဗုံး ဖောက်ခွဲခံခဲ့ရကြောင်း ‌မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

“အသံဗုံး ဆိုပေမယ့်လည်း ရုတ်တရက်ကျတော့ ဗုံးလို့ပဲထင်တာ။ အသံတွေလည်း ထွက်လာကြတယ်။ လူတွေရောပဲ။ နောက်မှ အသံဗုံးဆိုတာ သိတာ”ဟု ၎င်းက ပြောသည်။

အသံဗုံးပေါက်ကွဲချိန်သည် အိပ်ချိန်မဟုတ်သေးသောကြောင့် ပေါက်ကွဲမှု၏ အသံကို အကျယ်ကြီး ကြားခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ရာမညစင်တာသို့ ရဲတပ်ဖွဲ့ နှင့် လုံခြံရေးအဖွဲ့ဝင်များ စစ်ကားများဖြင့် လာရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသံဗုံးဖောက်ခွဲခြင်းသည် သတိပေးသည့် အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း 

မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Glow Barနှင့် ပတ်သက်ပြီး တိုင်ကြားချက်များစွာ လက်ခံရရှိထား‌သောကြောင့် သတိပေးသည့်အနေဖြင့် အရင်ဆုံး အသံဗုံးဖောက်ခွဲရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Glow Bar၏ တာဝန်ရှိသူများ အနေဖြင့်လည်း အများနည်းတူ ပျော်ရွှင်လိုကြသည်ကို နားလည်‌သော်လည်း အများပြည်သူကို မထီမဲ့မြင်ပြုလုပ်ခြင်းကို သည်းခံခွင့်လွှတ်မည် မဟုတ်‌ကြောင်း ရေးသားထားသည်။

အဆိုပါ သတိပေးမှုသည် မော်လမြိုင်မြို့ပေါ်ရှိ ကျန်ရှိနေသည့် Clubနှင့် Bar များလည်း အကြုံးဝင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts