Homeသတင်းပိုင်ကျုံမြို့နယ် ကွီးကျယ်ရေတံခွန်မှာ မိန်းခလေး ၁ ဦး ရေနစ်သေဆုံး

ပိုင်ကျုံမြို့နယ် ကွီးကျယ်ရေတံခွန်မှာ မိန်းခလေး ၁ ဦး ရေနစ်သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၃)

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် ကွီးကျယ်ရေတံခွန်မှာ ယနေ့(မေ ၁၃ ရက်) မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မိန်းခလေတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

” သူက ​ရေကူးတတ်တယ်လို့ ပြောတယ် သမီးတို့လဲ သွားကူးမယ်ပေါ့၊ အဲနေရာ သူ့ကို အရင်ပေးသွားလိုက်တယ်၊ သူရေအနက်ထဲရောက်တော့ ရေနစ်သွားတာပဲ သူငယ်ချင်းတစ်ယောက် သွားကယ်သေးတယ်မရဘူး။ သမီးတို့အဖွဲ့က တစ်ယောက်မှ ရေမကူးတတ်ကြတော့ သမီးလဲ ဘာမှ မတတ်နိုင်ခဲ့ဘူး” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသွားသည့် မိန်းခလေးမှာ ဘားအံမြို့နယ် လှာကမြင်ကျေးရွာတွင် နေထိုင်သူ သှာဖာန်ဖြစ်ပြီး အသက် (၁၁) နှစ်အရွယ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရေနစ်မှုဖြစ်စဉ်မှာ အရွယ်တူ အသက် ( ၁၁) နှစ်အရွယ် မိန်းခလေး (၆) ဦးနှင့် ယာဉ်မောင်းဆရာ တစ်ဦးအပါအဝင် ကွီးကျယ်ရေတံခွန်မှာ ရေဆင်းကူးခဲ့ကြကြောင်း သိရသည်။

ယာဉ်မောင်းတစ်ဦးနှင့် မိန်းခလေး ၆ ဦးထဲအနက် သှာဖာန်တစ်ဦးသာ ရေကူးကျွမ်းကျင်မှုရှိခြင်းကြောင့် ရေနက်ပိုင်းအထိ ဆင်းကူးပြီး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)နှင့် လူမူကယ်ဆယ်ရေးအဖွဲ့ နောင်လုံတို့က ရေနစ်သေဆုံးသွားသည့် သှာဖာန်ရုပ်လောင်းကို လှာကမြင် သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts