Homeငြိမ်းချမ်းရေးကျင်းပဆဲ မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ မှ မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲသွားမည်

ကျင်းပဆဲ မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ မှ မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲသွားမည်

-

မွန်သတင်းအေဂျင်စီ(မေ-၂)

မွန်ပြည်သစ်ပါတီ NMSP ဦးစီးပြီး မွန်ညီညွတ်ရေးပါတီ MUP, အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပလျက်ရှိသော မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ “Mon National Conference-2022” မှ  မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မွန်တမျိုးသားလုံး ညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေရေးဆွဲရေးနှင့် မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် မွန်ပြည်သစ််ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး(ဗဟို) ရုံး (ညီစားစခန်း) ၌ မေ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပလျက်ရှိသည်။

ထို့အပြင် ၂၀၁၉ ခုနှစ်ကတည်းက ရေးဆွဲခဲ့သော ၁၀ နှစ်တာ မွန်အမျိုးသားစီမံကိန်း (၂၀၂၀-၂၀၃၀) ကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။

လက်ရှိကျင်းပနေသည့် ညီလာခံတွင် ကိုယ်စားလှယ်များအဖြစ် ရဟန်းသံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အရပ်ဖက်မွန်အဖွဲ့အစည်းများ၊ ဖိတ်ကြားသင့်သည့်အဖွဲ့အစည်းများ၊ ဖိတ်ကြားသင့်သည့်ပုဂ္ဂိုလ်များနှင့် အထူးဧည့်သည်များ စုစုပေါင်း ၂၂၀ ဦးကျော် တက်ရောက်လျက်ရှိကြောင်း ညီလာခံကျင်းပရေးအဖွဲ့မှ သတင်းရရှိသည်။

အလားတူ မွန်အမျိုးသားညီလာခံများကို ၂၀၁၆ ခုနှစ်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်က မော်လမြိုင်မြို့ မွန်ပြည်နယ်ခန်းမတွင်လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts