Homeသတင်းဇွဲကပင်တောင် လူသေဆုံးမှုတွင် ထွက်ပြေးတိမ်းရှောင်သည့် အမျိုးသားကို KNU/KNLA/PC တပ်ဖွဲ့ဝင်များက ဖမ်းမိ

ဇွဲကပင်တောင် လူသေဆုံးမှုတွင် ထွက်ပြေးတိမ်းရှောင်သည့် အမျိုးသားကို KNU/KNLA/PC တပ်ဖွဲ့ဝင်များက ဖမ်းမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၄)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တက်လမ်းတွင် အမျိုးသမီးငယ်သေဆုံးမှုနှင့် ပတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အဖော်အမျိုးသားကို ကေအန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA/PC) တပ်ဖွဲ့ဝင်များကဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ဧပြီ ၂ ရက် ည ၉ နာရီခွဲခန့်က ကြာအင်းဆိပ်ကြီးမြို့နယ်တွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဘားအံမြို့နယ်၊ ထုံးအိုင်နယ်မြေရဲစခန်းကို လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုတော့ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိထားတယ်။ ဖမ်းမိတာကတော့ KNU/KNLA/PC က မိတာပေါ့။ ပြီးမှ ပြန်လွှဲပေးတယ်တယ်လို့ သိထားတယ်”ဟု ၄င်းက ပြောသည်။

လတ်တလောတွင် ထုံးအိုင်နယ်မြေနယ်စခန်း၌ အလောင်းစစ်ဆေးမှုဆေးစာအရ လူသတ်ပုဒ်မ ၃၀၂ ဖြင့်သာ အမှုဖွင့်ထားကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

ဖမ်းဆီးရမိသည် အမျိုးသားသည် ဘားအံမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ဇွဲကပင်တောင်ပေါ်တွင် သေဆုံးခဲ့သည့်အသက် (၂၂) နှစ်အရွယ်အမျိုးသမီးမှာ ဘားအံမြို့နယ်၊ ဖားကပ်ကျေးရွာအုပ်စု၊ တောကြီးကုန်းကျေးရွာတွင် နေထိုင်သည်သူ ဖြစ်သည်။

ဖြစ်စဉ်မှာ ဇွဲကပင်တောင်ပေါ်သို့ မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်က အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ဇွဲကပင်တောင်ပေါ်သို့တက်သွားပြီး မွန်းလွဲ ၃ နာရီခန့်တွင် အမျိုးသား တစ်ဦးတည်းသာပြန်ဆင်းလာပြီး အမျိုးသမီးမှာ ပြန်မပါလာကြောင်း ဂေါပက အဖွဲ့ဝင်ထံက သိရသည်။

“သူ တစ်ယောက်ထဲ ဆင်းလာလို့ မေးလိုက်တယ်။ သွားတုန်းက နှစ်ယောက်ဆိုတော့ အဲဒါ နောက်ကလိုက်လာတယ်ပြောတယ်။ ပြီးတော့ မောင်းထွက်သွားတာပဲ”ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးနေသည် အမျိုးသမီးအား မတ်လ ၃၁ ရက် နံနက်ပိုင်းက စတင်ကာ ဘားအံခရိုင်မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ နှင့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များပူး‌ပေါင်း  ရှာဖွေခဲ့ကြသည်။

ဧပြီလ (၁) ရက် နံနက်ပိုင်းတွင် ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဦးခေါင်းဒဏ်ရာ နှင့်ခန္ဓာကိုယ် တစ်ချို့တွင် ညိုမဲဒဏ်ရာများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts