Homeငြိမ်းချမ်းရေးမော်လမြိုင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂၊ ဖေဖော်ဝါရီ ၁၉)

Caption:ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ

မွန်ပြည်နယ် မော်လမြိုင် နည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်ဘုန်းကျော်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သတ်ချမှတ်ခဲ့ကြောင်း နစကကောင်စီက ထုတ်ပြန်ထားသည်။

ကိုအောင်ဘုန်းကျော်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့ သင်္ကန်း‌ကျွန်းမြို့နယ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“အဲဒီတုန်းက သင်္ကန်းကျွန်းမှာ လက်နက်တွေနဲ့ မိတယ်ဆိုပြီး မြဝတီမှာ ကြေငြာသွားတယ်။ သူနဲ့ နောက်တစ်ယောက် နှစ်ယောက်ပါတယ်။ ရန်ကုန်ကတစ်ယောက်လည်း သူနဲ့အတူတူ တစ်သတ်တစ်ကျွန်း အချခံရတယ်”ဟု ကိုအောင်ဘုန်းကျော်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ကိုအောင်ဘုန်းကျော်သည် မွန်ပြည်နယ် သံဖြူဇရပ်မြို့ဇာတိဖြစ်ပြီး အမှုနှစ်ခုနှင့် ထောင်ဒဏ်တစ်သတ်ချမှတ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဖော်ပြခဲ့သည်။

စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (စျ) နှင့် ၅၀ (က) တို့အရ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

နည်းပညာတက္ကသိုလ်(မော်လမြိုင်)မှ ပထမနှစ်ကျောင်းသူနှစ်ဦးသည်လည်း ပုဒ်မ၅၀၅ (က)ဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံနေရဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts