Homeငြိမ်းချမ်းရေးသံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး သေနတ်ပစ်သတ်ခံရ

သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး သေနတ်ပစ်သတ်ခံရ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၁၉)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးဌေးအောင်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ညတွင် အမည်မသိ သေနတ်သမားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

သံဖြူဇရပ်-ကျိုက်ခမီကားလမ်းဘေးရှိ သူနေထိုင်ရာ ကျုံကဒတ်ကျေးရွာ လမ်းဘေးစျေးဆိုင်အတွင်း ထိုင်နေစဥ် အမည်မသိ သေနတ်သမားနှစ်ဦးမှ လာရောက်ပစ်ခတ်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“စျေးဆိုင်မှာထိုင်နေတာပါ။ ဦး ဌေးအောင်က စစ်တပ်နဲ့အဆက်အသွယ်ရှိတဲ့သူလေ။ ဆိုင်ကယ်နဲ့အနောက်ကနေ လာပစ်ပြီး သံဖြူဇရပ်ဘက်ကိုမောင်းသွားတာပဲ။ မိတယ်လို့တော့ အသံမကြားသေးဘူး”ဟု ကျုံကဒက်ကျေးရွာသားတစ်ဦးက ဆိုသည်။

သေနတ်သမား အမျိုးသားနှစ်ဦး Wave 100 ဆိုင်ကယ်စီး၍ ဦးဌေးအောင် တစ်ဦးတည်းကိုသာ ရွေးချယ်ကာ လာရောက်ပစ်သတ်ခဲ့ရာ ဘယ်ဘက် လက်မောင်းတွင် ကျည်လေးချက်၊ ပခုံးတွင်ကျည်တစ်ချက်ဖြင့် သေဆုံးခဲ့သည်။

ကျုံကဒတ်ကျေးရွာ ပဒုမ္မာရပ်ကွက်နေ အသက် ၅၀ အရွယ်ရှိ ဦးဌေးအောင်သည် ၎င်း၏အဖော်နှစ်ဦးဖြစ်သူ ဦးသန်းထွန်းဦး၊ ဦးစံချိန်တို့နှင့်ရှိနေစဥ် တစ်ဦးတည်း ကွက်ပြီး အပစ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဦးသန်းဌေး၏အလောင်းကို မြို့နယ်ဆေးရုံသို့ ပရဟိတအဖွဲ့မှ သွားရောက်ပို့ဆောင်ခဲ့ပြီး နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ စစ်ဆေးခဲ့သော်လည်း တရားခံများကို ဖမ်းဆီးမိခြင်းမရှိသေးပေ။

စစ်တပ်အာဏာသိမ်းသည့်ကာလအတွင်း မွန်ပြည်နယ်ရှိ ရေး၊ ပေါင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်မှ YMBA ဥက္ကဌနှင့်အတွင်းရေးမှူးများ အသတ်ခံခဲ့ရကြောင်း သတင်းမှတ်တမ်းများက ဖော်ပြနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts