Homeငြိမ်းချမ်းရေးဘီလူးကျွန်း-ချောင်းဆုံမြို့နယ်တွင် ပစ်ခတ်မှုတချို့ဖြစ်ပွားပြီးနောက် ဘီလူးကျွန်းတံတား ယာယီပိတ်ခဲ့ရ

ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်တွင် ပစ်ခတ်မှုတချို့ဖြစ်ပွားပြီးနောက် ဘီလူးကျွန်းတံတား ယာယီပိတ်ခဲ့ရ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၁၈)

ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်အတွင်းရှိ ခရိုက်ဒူးနှင့် ခရိုက်နှီးကျေးရွာတွင် ယနေ့ နံနက်ပိုင်းက လက်ဗစ်ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ရာ ဘီလူးကျွန်းတံတားကို ၃ နာရီခန့် ယာယီပိတ်ဆို့ခဲ့ရသည်။

အပြန်အလှန်ပစ်ခတ်မှုမျိုးမဟုတ်ဘဲ သေနတ်ဖြင့်ပစ်ပြေးသူ တံတားပေါ်ရောက်ရှိ​နေကြောင်း သတင်းထွက်ပေါ်သ​ဖြင့် ပိတ်ဆို့စစ်ဆေးခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။

” ညကဆယ်ပလာ နဲ့ ခရိုက်ဒူး မှာ ဗုံးပေါက်သေးတယ်လို့ကြားတယ်။ နေ့လည်ကျတော့ သေနတ်ပစ်တယ်လို့ ပြောတယ်။ သူတို့သတင်းရတာက ဖောက်ခွဲတဲ့လူက တံတားပေါ်မှာပြောတော့ တံတားကို ပိတ်ချလိုက်ပြီးစစ်တာ။ အစစ်အဆေးကြမ်းတယ်။ ဆိုင်ကယ်ဘောက်တွေဖွင့်ခိုင်းတယ်။ လွယ်အိပ်တွေဖွင့်ခိုင်းတယ်” ဟု တံတားတွင် နေ့လယ်ခင်းအချိန် ပိတ်မိခဲ့သူတစ်ဦးက ဆိုသည်။

သို့ရာတွင် ခရိုက်နှီးရွာတွင် အမျိုးသမီးတစ်ဦးကိုသေနတ်ဖြင့်လာပစ်ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း၊ ယင်းသို့ ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော်လည်း သေနတ်ဖြင့်ပစ်သူကို ဖမ်းဆီးမရခဲ့ကြောင်း သိရသည်။

ဘီလူးကျွန်းတံတားကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ပိတ်ဆို့ စစ်ဆေးခဲ့ပြီး ဆိုင်ကယ်နှင့်ကား ရာကျော်ပိတ်မိနေစဥ်တွင် လူအများနောက်ဆုတ်ကြရန် လုံခြုံရေးတာဝန်ရှိသူတစ်ဦးက သတိပေးခဲ့သည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ချောင်းဆုံမြို့နယ် မြို့မရဲစခန်းသို့ မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

အလားတူ သံဖြူဇရပ်မြို့နယ် YMBA အသင်း အတွင်းရေးမှူး ဦးဌေးအောင်ကိုလည်း ၄င်းနေထိုင်သည့် ကျုံကဒတ်ကျေးရွာ၌ ယမန်နေ့ညပိုင်းတွင် အမည်မသိသေနတ်သမား၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရကြောင်း  သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts