spot_img
Thursday, January 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေး“လက်တွေ့အဲဒီရည်မှန်းချက်ရောက်ဖို့ကတော့ အလုပ်အများကြီးလုပ်ရဦးမှာ” PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ

    “လက်တွေ့အဲဒီရည်မှန်းချက်ရောက်ဖို့ကတော့ အလုပ်အများကြီးလုပ်ရဦးမှာ” PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန် ၁၈)

    NCA လမ်းကြောင်းမှ ချဥ်းကပ်လျက်ရှိသော ယနေ့မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်အပေါ် Stakeholder ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်လှုပ်ရှားနေသူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ အား မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းသည်။  

    မေး။     ။နစကကောင်စီဘက်က PPST နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ စာပို့ကမ်းလှမ်းတယ်လို့ သိရလို့လေ အဲတာနဲ့ ပတ်သက်ပြီးသိလိုပါတယ်။

    ဖြေ။      စာက ၆ ရက်နေ့ ရက်စွဲနဲ့ ပေးတာပဲ။ ကျနော်တို့ PPST အစည်းအဝေးလုပ်နေတဲ့ အချိန်မှာပဲ ပေးလာ တယ်။ ဒါပေမယ့် ကျနော်တို့ ဦး‌ဆောင်မှု (၃) ဦးကော်မတီကို ပေးတာပေါ့။ ပေးတော့ အစည်းအဝေးကလည်း (၃)ဦးကော်မတီ ကပဲ အခြေအနေကြည့်ပြီးတော့ ပြန်ပါဆိုပြီး တာဝန်ပေးတော့ ပြန်စာကို မူလမူကြမ်းကိုတော့ ကျနော်ရေးပြီးတော့ ဗိုလ်မှူးကြီး စိုင်းငင်း (RCSS) ကို ပေးတယ်။ ဗိုလ်မှူးကြီး စိုင်းငင်းကလည်း ပြင်ဆင်ပြီးတော့ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း (NMSP) ကို ပေးထားတယ်။ နိုင်အောင်မင်းက ခဏစောင့်ကြည့်ဦးမယ်ဆိုပြီး ကိုင်ထားတာပေါ့။ သူ့ထဲက ပြီးရင်တော့ ပို့ဖို့ပါပဲ။ ဒါပေမယ့် သူက ခဏ ကြည့်ဦးမယ်ဆိုပြီးတော့ ကိုင်ထားတော့ အဲဒီအခြေအနေ ရောက်နေတယ်။ ဘာမှတော့ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ စတင်တွေ့နိုင်ဖို့ ဖိတ်တာကို ကျနော်တို့လည်း အလွတ်သဘောက ကောင်းတယ်။ ကျ‌နော်တို့လည်း စီစဉ်မယ်။ ဒီလိုဖိတ်တဲ့ အတွက် ကျေးဇူးတင်တယ်။ ဒီလောက်ပြန်လိုက်ရင် ရနေပြီပဲ။ သို့သော် ကျနော်တို့ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း ဘယ်လိုစဉ်းစားလဲ ကျနော်မသိဘူး။ ကျ‌နော်တို့ကတော့ ပြီးသွားပြီ ကျနော်တို့ ကဏ္ဍကတော့ သူ့ဆီကကြိုက်ရင် စာထွက်သွားဖို့ပဲ လိုတော့တယ်။ အခုအဲတာစောင့်နေတာပါ။

    မေး။     တွေ့ရင်ရော ဘယ်လိုတွေ့ကြမှာလဲ။

    ဖြေ။      တွေ့ဖို့မရှိသေးပါဘူး။ တွေ့ဖို့မရှိသေးဘူး။ အလွတ်သဘောဆွေးနွေးဖို့ဆိုတာ တွေ့တာ ပါချင်မှ ပါမယ်။ အလွတ်သဘောက တခြားနည်းလမ်းတွေလည်း ရှိတယ်လေ။ Zoom မီတင်နဲ့လည်းရှိတယ်။ တခြား အလွတ်သဘောထဲက အလွတ်သ‌ဘောပေါ့ဗျာ။ အဲတာတွေရှိတော့ အဲဒီမှာ အခင်းအကျင်းတွေ အများကြီးလုပ်ရဦးမှာ အခြေအနေတွေ အများကြီးဖန်တီးရဦးမှာ၊ စာတစ်စောင်နဲ့တော့ တွေ့မှာ မဟုတ်သေးပါဘူး။ စာတစ်စောင်က အစပျိုးတဲ့ဟာပဲ မူအရတော့ ဆွေးနွေးဖို့ ရှိတယ်ဆိုတော့ အစပျိုးတာ၊ ကိုယ်လည်းပဲ နိုင်ငံရေးယဉ်ကျေးမှုအရ ဒီလိုဖိတ်ခေါ်တာ ကျေးဇူးတင်တယ်။ ကျ‌‌နော်တို့လည်း အစီအစဉ်လုပ်သွားမယ်ပေါ့။ ဒီလောက်ပဲ ပထမ၊ ဒုတိယ၊ တတိယ အကြိမ်ပေါင်းများစွာ လုပ်ရဦးမယ်။ ပြီးတော့မှ ဆွေးနွေးတဲ့ အခင်းအကျင်းကို ရောက်မယ်လို့ထင်တယ်။ အဲဒီအတိုင်းကတော့ ဆွေးနွေးလို့မရသေးဘူး။ အားလုံးသိနေတာကို။

    မေး။     ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနှစ်မှာ ငြိမ်းချမ်းရေးခြေလှမ်းသစ်စမယ်။ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းရေးအဆင့်တစ်ခုရအောင် လုပ်မယ်လို့ပြောတယ်။ အဲတာကြောင့်လား။

    ဖြေ။      အဲတာကတော့ သူတို့ရည်မှန်းချက်ကို သူတို့ ဒီလိုရည်မှန်းထားတာကို ပြောတာကို လက်တွေ့အဲဒီရည်မှန်းချက်ရောက်ဖို့ကတော့ အလုပ်အများကြီးလုပ်ရဦးမှာ။

    မေး။     သူတို့ပြောသွားတာက NCA အရ တရားဝင်ဆွေးနွေးပွဲတွေ ညီလာခံတွေ ကျင်းပနိုင်သည်အထိ ဆွေးနွေးသွားမယ်လို့ ပြောသွားတယ်။ ဒီနှစ်မှာ ငြိမ်းချမ်းရေးညီလာခံတွေ ဖြစ်လာနိုင်လား။

     ဖြေ။     ဒီအကြမ်းဖက်မှုတွေ မလျော့ပဲနဲ့တော့ မဖြစ်နိုင်ပါ။ နောက်ပြီးတော့ ကျ‌နော်တို့ NCA မှာပါတဲ့ Civilians Protection ပေါ့။ အရပ်သားများကို အကာအကွယ်ပေးရေးဆိုတဲ့ဟာ လိုက်နာလုပ်ဆောင်ခြင်းမရှိဘူးဆိုရင် မလွယ်သေးဘူးပေါ့။ အဲတာတွေက အရပ်သားတွေကို ကာကွယ်ပေးနိုင်ရမယ်။ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းနိုင်ရမယ်။ လျော့နည်းလာရမယ်။ အကြမ်းမှုမှာ ပါတဲ့လူပေါ့၊ နှစ်ဖက်စလုံးပေါ့၊ ဘယ်ဖက်ကိုမဆို အဲဒီလို မရပ်နိုင်သေးဘူးဆိုရင်တော့ အဲဒီအခင်းအကျင်းတော့ မရောက်သေးပါဘူး။ ဒါပေမယ့် စိတ်ဆန္ဒရှိရင်တော့ တဖြည်းဖြည်းပြောင်းသွားလို့ရတာပေါ့။ သူတို့ ဆန္ဒရှိဖို့ပဲ လိုပါတယ်။

    မေး။     တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုသေးလဲ။

    ဖြေ။      ဆွေးနွေးမှ ရမယ်ဆိုတဲ့ မူကိုတော့ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာ ဆွေးနွေးမလဲဆိုတာတော့ ရှိတာပေါ့။ ဒီဗုံးသံ၊ သေနတ်သံ၊ သတ်ဖြတ်နေတဲ့ အသံတွေ ရက်စက်ကြမ်းကြုတ်မှုတွေကြားမှာတော့ ဖြစ်ပေါ်ဖို့တော့ မလွယ်သေး ဘူး။ ဒါကြောင့် ဒီဆွေးနွေးနိုင်မယ့် အခင်းအကျင်း ရေခံမြေခံကတော့ ပြောင်းလဲရမှာပေါ့ဗျာ။ တစ်စုံတစ်ရာ တော့ တည်ငြိမ်မှုလေးရှိမယ်၊ တစ်စုံတစ်ရာ သက်တောင့် သက်သာရှိမှ ဆွေးနွေးလို့ရတာကိုး။ အခုနိုင်ငံရေး အကျပ် အတည်း၊ လူမှုရေး အကျပ်အတည်း၊ အကျပ် အတည်း ပေါင်းစုံရှိနေတဲ့ အချိန်မှာတော့ မလွယ်သေးဘူးပေါ့။ ဒါပေမယ့် နည်းနာတော့ ရှာကြတာ ပေါ့။ အဲဒီသဘောတော့ ရှိပါတယ်။ ဒါကြောင့် နည်းနာရှာတဲ့ အချိန်လို့ ပြောလို့ရပါတယ်။

    မေး။   ကျေးဇူးတင်ပါတယ် ဗိုလ်မှူးကြီး။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts