Homeငြိမ်းချမ်းရေးKNU မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို စောဖလို့စိုးဝင်း (ခ) ပဒိုစောဝင်းခိုင်ကို တာဝန်ပေး

KNU မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို စောဖလို့စိုးဝင်း (ခ) ပဒိုစောဝင်းခိုင်ကို တာဝန်ပေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၇)

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌအဖြစ် ပဒို စောဖလို့စိုးဝင်း (ခေါ်) ပဒိုစောဝင်းခိုင်အား တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

ပဒိုစောဝင်းခိုင်မှာ မြိတ်/ထားဝယ်ခရိုင်၏ ဆက်ဆံရေးရုံးတာဝန်ခံအနေဖြင့် တာဝန်ယူခဲ့ကြောင်း သိရသည်။  

ထို့ပြင် ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စောမူလာ၊ အတွင်းရေးမှူး ပဒို စောအယ်နာ၊ တွဲဘက် အတွင်းရေးမှူး ပဒို စောဘိုးဘိုးခင်မောင်နှင့် တရားသူကြီး ပဒို စောသူးယယ်တို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး အလုပ်အမှုဆောင်ကော်မတီဝင် (၉) ဦးနှင့် ခရိုင်ကော်မတီဝင် (၁၈)ဦး၊ စုစုပေါင်း (၂၇) ဦးဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၄ ၏ (၁၉) ကြိမ်မြောက် ကွန်ကရက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ မြိတ်/ထားဝယ်ခရိုင်ရုံးစိုက်ရာ အမာလာထာကျေးရွာတွင် ကျင်းပခဲ့သည်။

ဘိတ်ထားဝယ်ခရိုင်ရှိ မြို့နယ် ၄ ခုမှ ကိုယ်စားလှယ်များနှင့် အထူးဒေသ ၂ ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၉၃ ဦး တက်ရောက်ခဲ့ကြောင်း အဆိုပါ ၁၉ ကြိမ်မြောက်ကွန်ကရက်က သတင်းထုတ်ပြန်ထားသည်။

အလားတူ ကျန်တပ်မဟာများတွင်လည်း ကွန်ကရက် အသီးသီးကျင်းပခဲ့ပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဗဟို ကွန်ကရက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts