spot_img
Wednesday, January 7, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့နယ်မြောက်ပိုင်း ကားလမ်းမကြီးအရှေ့ဖက်ခြမ်းတွင် စစ်တပ်နှင့် BGF တပ်ဖွဲ့များထိုးစစ်ဆင် KNU နှင့် တိုက်ပွဲဖြစ်

    ရေးမြို့နယ်မြောက်ပိုင်း ကားလမ်းမကြီးအရှေ့ဖက်ခြမ်းတွင် စစ်တပ်နှင့် BGF တပ်ဖွဲ့များထိုးစစ်ဆင် KNU နှင့် တိုက်ပွဲဖြစ်

    -

    မွန်သတင်းအေဂျင်စီ (၇ ဒီဇင်ဘာ ၂၀၂၁)

    သံဖြူဇရပ်-ရေးအဝေးပြေးကားလမ်းမကြီးအရှေ့ဖက်ခြမ်းရှိ ရေးမြို့နယ်မြောက်ပိုင်း ဘေးလမိုင်းအနီးအနားတဝိုက်တွင် စစ်တပ်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့များ ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၆ ရက်နေ့က ဒေသခံ KNU တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


    ဒီဇင်ဘာ ၆ ရက်နေ့ နံနက် (၉)နာရီကျော်အချိန်ခန့်တွင် ဒေသတွင်းလှုပ်ရှားလျက်ရှိသော KNLA တပ်ရင်း(၁၆) တပ်ခွဲ (၄) နှင့် မော့ကနင်အခြေစိုက် ခလရ- ၁၀၆ တပ်ရင်းတို့ ဘေးလမိုင်းကျေးရွာတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ဒူးပလာယာခရိုင်သတင်းက ဖော်ပြသည်။


    အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ၃ ဦး သေဆုံးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သော်လည်း မြန်မာစစ်တပ်ဘက်က တစုံတရာသတင်းထုတ်ပြန်ခြင်း မတွေ့ရပေ။

    လက်ရှိထိုးစစ်ဆင်မှုတွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်း ၁၀၂၁ နှင့် ၁၀၂၂ တို့လည်း ပူးပေါင်းပါဝင်နေကြောင်း ဘုရားသုံးဆူမြို့အခြေစိုက် BGF နှင့်နီးစပ်သောသတင်းရပ်ကွက်မှ သိရသည်။

    အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသသည် နိုဝင်ဘာ ၂၄ ရက်နေ့က မော်လမြိုင်မြိုမှ ဘဏ်ငွေထုတ်ယူပြီး ရေးမြိုသို့ သယ်ဆောင်လာသော ရဲလုံခြုံရေးအစောင့်အကြပ်နှင့် မြန်မာ့စီးပွားရေးဘဏ်ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရသည့် နေရာအနီးတဝိုက်ဖြစ်ကြောင်း သိရသည်။


    သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမပေါ်ရှိ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် လွှတ်ရှမ်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်လတွင် စစ်တပ်က ဝင်ရောက်သိမ်းပိုက်ကာ နေရာယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts