HomeCovid 19ကျိုက်ထီးရိုးဘုရားတွင် နေ့စဥ်ခရီးသွားတစ်ထောင်ကျော် လာရောက်ဖူးမျှော်

ကျိုက်ထီးရိုးဘုရားတွင် နေ့စဥ်ခရီးသွားတစ်ထောင်ကျော် လာရောက်ဖူးမျှော်

-

မွန်သတင်းအေဂျင်စီ( ၂၀၂၁-နိုဝင်ဘာ ၁၂)

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ကျိုက်ထီးရိုးစေတီသို့ နေ့စဥ် ပြည်တွင်းခရီးသွား တစ်ထောင်ကျော် လာရောက်ဖူးမြှော်လျက်ရှိကြောင်း ဂေါပကအဖွဲ့ရုံးမှ သိရှိရသည်။

အပတ်စဥ်ရုံးပိတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များတွင် ပြည်တွင်းခရီးသွား ၁၅၀၀ အထိ ဝင်ရောက်နေကြောင်း ကျိုက်ထီးရိုးဂေါပကရုံး ဂေါပကအဖွဲ့ခေါင်းဆောင်ဦးစိုးလှက ဆိုသည်။

“ကျွန်တော်တို့ နေ့စဥ်ဆိုရင် ခရီးသွား တစ်ထောင်လောက်လာတယ်။စနေ၊တနင်္ဂနွေလိုပိတ်ရက်ဆို ခရီးသွား ကား အစီးရေ ၄၀၊ ၅၀ လောက်လာတယ်။ ပိတ်ရက်ဆို ခရီးသွား ၁၅၀၀ လောက် လာတယ်” ဟု ဂေါပကအဖွဲ့ခေါင်းဆောင်ဦးစိုးလှက ဆိုသည်။

ကိုဗစ်ပိုးတွေ့ရှိနှုန်း ကျဆင်းလာမှုကြောင့် Stay at home မြို့နယ်များပယ်ဖျက်ပေးသဖြင့် ခရီးသွားများ ပိုမိုမျှော်လင့်မိကြောင်း မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း မျှော်လင့်နေသည်။ 

ခရီးသွားများ ဝင်ရောက်မှု နည်းပါးနေသောကြောင့် ကျိုက်ထီးရိုးဘုရားမှ စျေးသည်များကို လေလံစျေးကင်းလွတ်ခွင့်ဆက်လက်ပြုထားကြောင်း ဂေါပကအဖွဲ့ရုံးမှ သိရသည်။

” ကျန်းမာရေးလုပ်ငန်းစဥ်တွေအတွက်ရော၊ခရီးသွားနည်းနေသေးတဲ့အတွက်ရော ကျွန်တော်တို့က ဒီအတိုင်းစျေးပြန်လာရောင်းကြပါဆိုပြီးခေါ်လို့ရောက်လာကြတာပါ။အခုထိ ဘာတစ်ခုမှကောက်ခံထားတာမရှိသေးပါဘူး။ Stay at homeတွေပယ်ဖျက်ပြီးသွားတော့ နောက်ပိုင်းခရီးသွားတွေပိုများလာရင် အလှူငွေသူတို့ထည့်ကြမှာပါ”ဟု ဂေါပကအဖွဲ့ရုံးမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

“ရောင်းအားက အရမ်းမများသေးပါဘူး။ ဆိုင်တွေလည်းအကုန်မဖွင့်သေးဘူး။စားသောက်ဆိုင်တို့၊ လက်ဆောင်ပစ္စည်းဆိုင်တို့လောက်ပဲ အများဆုံးပြန်ဖွင့်ကြတာ”ဟု အမှတ်တရပစ္စည်းအရောင်းဆိုင်မှသိရသည်။

ထို့အတူ မွန်ပြည်နယ်တွင်  Stay at home အ​ဖြစ်ကျန်ရှိနေသည့် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် Stay at home မှ ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရှိသော မြို့နယ်များကို Stay at home ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ယခင်အစိုးရဘဏ္ဍာနှစ်များတွင် ဆိုင်းခန်းခအပါအဝင် ကျိုက်ထီးရိုးစေတီတော်၏ နှစ်စဥ်ဝင်ငွေကျပ်ကိုးဘီလီယံကျော် ရရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts