Homeသတင်းရေး-သံဖြူဇရပ်လမ်းမကြီးတွင် သစ်ကားနှင့် Light Truck ကားတိုက်မှုဖြစ်ပွား ဘုရားဖူး ၇ ဦး သေဆုံး

ရေး-သံဖြူဇရပ်လမ်းမကြီးတွင် သစ်ကားနှင့် Light Truck ကားတိုက်မှုဖြစ်ပွား ဘုရားဖူး ၇ ဦး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၁၂)

ရေး-သံဖြူဇရပ်လမ်းမကြီး နှစ်ကရင်လမ်းဝ၌ ယမန်နေ့မွန်းပိုင်းတွင် သစ်ကား နှင့် Light Truck ကား တိုက်မှု ဖြစ်ပွားခဲ့ပြီး ဘုရားဖူး ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက် ညနေ ၃နာရီခွဲအချိန်တွင် သစ်ကားမှဘရိတ်ပေါက်ပြီး သံဖြူဇရပ်-ရေးလမ်းအတိုင်း မောင်းနှင်လာသော Light Truck ဘုရားဖူးယာဉ်ကို ဝင်ရောက်တိုက်ခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်ပါလာသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသခံများ ဖြစ်ကြပြီး ရန်ကုန်တွင် ကထိန်ခင်းပြီး အပြန်လမ်းမှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာ ဖြစ်ကြောင်း သေဆုံးသူ တစ်ဦး၏ မိသားစုဝင်က ပြောသည်။

“ကြီးမေတို့ ပြန်လာနေပြီဆိုပြီး ပြောသေးတယ်။ ရန်ကုန်က ပြန်ထွက်လာတုန်းကလည်း ဖုန်းဆက်တယ်။ ပျော်ပျော်ပါးပါပဲ။ ဖြစ်တာကို သိသိချင်း မယုံနိုင်ခဲ့ဘူး”ဟု ၎င်းက ပြောသည်။

သေဆုံးသွားသော Dead body များကို ရေးမြို့ ရင်ခွဲရုံကို ပေးပို့ပေးခဲ့ထားကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ မိသားစုဝင်များမှ ရေးမြို့နယ် ဆေးရုံသို့ လာရောက်ခဲ့ကြကြောင်း ဆက်ပြောသည်။

Light Truck ဘုရားဖူးယာဉ်ပေါ်မှ အမျိုးသမီး ၆ ဦး နှင့် အမျိုးသား တစ်ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၆ ဦး ရှိခဲ့ ကြောင်း စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း၏ လူမှုစာမျက်နှာတွင် ဖော်ပြထားသည်။

အသက်ရှင်ကျန်ရစ်သည့်ဒဏ်ရာရသူ ၆ ဦးကို ရေးမြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ် ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts