Homeသတင်းအစုလိုက်အပြုံလိုက် ဝင်ရောက်လာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် စိုင်ယွတ်ခရိုင်တွင် ထပ်မံဖမ်းဆီးမိ

အစုလိုက်အပြုံလိုက် ဝင်ရောက်လာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် စိုင်ယွတ်ခရိုင်တွင် ထပ်မံဖမ်းဆီးမိ

-

မွန်သတင်းအေဂျင်စီ (၁၁ နိုဝင်ဘာ ၂၀၂၁)

နယ်စပ်မှတဆင့် အစုလိုက်အပြုံလိုက် ဝင်ရောက်လာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်အား ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စိုင်ယွတ် Sai Yok ခရိုင်၌ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ထိုင်းလုံခြုံရေးတို့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ လူပွဲစားနှင့်အတူ နာနတ်ခြံတစ်ခုအတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၀၁ ဦးတို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေ (B.E. 2522) နှင့် ကန်ချနပူရီကူးစက်ရောဂါကော်မတီ၏အမိန့် ဖောက်ဖျက်မှုတို့ဖြင့် စိုင်းထောင်ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း ကန်ချနပူရီ-ထိုင်းသတင်းက ဖော်ပြသည်။

သို့ရာတွင် အဆိုပါ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ တစ်ဦးချင်းစီတွင် ခန္ဓာကိုယ် အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ထက် ပိုမိုမြင့်မားသည်ကိုမတွေ့ရပေ။

ဖမ်းမိသူများကို စစ်ဆေးမေးမြန်းချက်အရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် မော်လမြိုင်၊ ရေးတို့မှ လာရောက်သူများဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ သဘာဝတောလမ်းများအတိုင်း ဝင်ရောက်လာကာ ထိုင်းနိုင်ငံ စမုဆာခွန်၊ ပထုံဌာနီ၊ မုပရာကန်နှင့် မဟာချိုင်သို့ အလုပ်လုပ်ရန်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့အား ထွက်ဆိုပြောကြားခဲ့သည်။

၄င်တို့အား သတ်မှတ်သည့်ခရီးဆုံးသို့ရောက်ရှိပါက လူတစ်ဦးလျင် ဘတ်ငွေ ၂ သောင်းခွဲ တစ်ဦးလျှင် ပွဲစားထံ အကြေပေးချေရမည်ဟု ဆိုသည်။

အလားတူ ယမန်နေ့ နိုဝင်ဘာ 10 ရက်တွင်လည်း ဘုရားသုံးဆူမှထွက်ခွာလာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၈ ဦးကို စံခလပူရီခရိုင်နယ်စပ် ဖားချောင်းရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင်နည်းဖြင့်ဝင်ရောက်လာခဲ့သည့် လူပေါင်း တစ်သာင်းတစ်ထောင်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

လတ်တလော ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား လေးသိန်းနှစ်သောင်းခန့် အရေးတကြီး လိုအပ်နေပြီး အဆိုပါအလုပ်သမားများအတွက် ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts