Homeငြိမ်းချမ်းရေးရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို မဲပေးခဲ့သူများကို အရေးယူရန် ညွှန်ကြားချက်မရောက်သေးဟုဆို

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို မဲပေးခဲ့သူများကို အရေးယူရန် ညွှန်ကြားချက်မရောက်သေးဟုဆို

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂၈)

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက် ပို၍ မဲပေးခဲ့သော မဲဆန္ဒရှင်များကို အမှုဖွင့် အရေးယူရန် ညွှန်ကြားချက် မရောက်ရှိသေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရှိရသည်။

“ပြည်ထောင်စုက ထုတ်ပြန်တာဆိုတော့ပြည်ထောင်စုကိုပဲ မေးလိုက်ပါ။ ကျွန်တော်တို့ဆီ ဘာညွှန်ကြားချက်မှမရောက်သေးတော့ ဘာမှဖြေလို့မရသေးပါဘူး”ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆိုသည်။

နစက ပြန်လည်ခန့်အပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က မဲတစ်ကြိမ်ထက်ပိုပေးသူများကို အရေးယူမည် ဆိုသည့် ညွှန်ကြားချက်တစ်​စောင် အောက်တိုဘာလ ၂၇ ရက်က လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားစာတွင် တစ်ကြိမ်ထက်ပို၍ဆန္ဒမဲပေးခဲ့သူများကို သက်ဆိုင်ရာ တရားရုံးများတွင် ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (ဃ) ဖြင့် တရားစွဲဆိုရန် ပါရှိသည်။

“နိုင်ငံသား စိစစ်ရေးကတ် အမှတ်တူ၊ အမည်တူနှင့် ကျန်အချက်အလက်များ အားလုံးတူသူ မဲဆန္ဒရှင် တစ်ဦးတည်းမှ မဲရုံမဲနှင့် ကြိုတင်မဲပေးခြင်း သို့မဟုတ် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့် အရေးယူနိုင်ရေး” ဟု ပျံ့နှံ့နေသော ညွှန်ကြားစာတွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော်အထိ ရှိခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲ ရလဒ်အား ဖျက်သိမ်းကြောင်း နစက၏ UEC က ၂၀၂၁ ခုနှစ်၊  ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts