Homeသတင်းStay at home မြို့နယ်ရှိ စျေးဆိုင်များ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြနိုင်လျင် စျေးရောင်းချခွင့်ပြုမည်ဟုဆို

Stay at home မြို့နယ်ရှိ စျေးဆိုင်များ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြနိုင်လျင် စျေးရောင်းချခွင့်ပြုမည်ဟုဆို

-

မွန်ပြည်နယ်အတွင်း Stay at Home အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များရှိ စည်ပင်သာယာစျေးများတွင် COVID ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ဆေးလက်မှတ်ပြနိုင်ပါက စျေးရောင်းချခွင့် ပြန်လည် ခွင့်ပြုထားကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

Stay at home တွင်အကျုံးဝင်နေသည့် မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ ချောင်းဆုံနှင့် သံဖြူဇရပ် မြို့နယ်များမှ စည်ပင်သာယာစျေးများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီထံမှသိရသည်။

“ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသား ဆိုင်ရှင်တွေ၊ အလုပ်သမားတွေပေါ့။ သူတို့ ကာကွယ်ဆေး ထိုးထားပြီးကြောင်း လက်မှတ်ပြပြီးတော့ အဲ့ဒီဆိုင်တွေကို ပြန်ပေးဖွင့်ပါတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။

ထို့အတူ ကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့် မော်လမြိုင်မြို့ သာသနာ့ဗိမာန်တွင် ကာကွယ်ဆေး ထိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Stay at home မြို့နယ်ရှိ စျေးဆိုင်များ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြနိုင်လျင် စျေးရောင်းချခွင့်ပြုမည်ဟုဆို

ထို့အတူ မွန်ပြည်နယ်အတွင်းရှိ Stay at Home မဖြုတ်ရသေးသည့် မြို့နယ်များရှိ စည်ပင်သာယာ စျေးများတွင်လည်း ယင်းကဲ့သို့ ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ယခင်ကတည်းက သတ်မှတ်ထားသည့် ကိုဗစ် စည်းကမ်းများနှင့်အညီ စျေးရောင်းချခွင့် ပြုသွားမည် ဖြစ်ကြောင်း ဦးတင်ကိုကိုက ဆိုသည်။

” ကျွန်မက ပြီးခဲ့တဲ့စနေနေ့ကဆေးထိုးပြီးပြီ ။ မနေ့က စျေးဆိုင်ပြန်စဖွင့်တယ်။ ပိတ်ထားတဲ့ဆိုင်တွေတော့ များသေးတယ်။ မှတ်ပုံတင်မရှိရင်လည်း ဆေးမထိုးပေးဘူးလေ။ စျေးဝယ်သူလည်း နည်းပါသေးတယ်”ဟု ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ စျေးဆိုင်ပိုင်ရှင် မနီနီက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသော စျေးသူစျေးသားတွေက စျေးရုံးခန်းမှာ စာရင်းပေးသွင်းနိုင်ပြီး သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် အလှည့်ကျ ကာကွယ်ဆေး ထိုးပေးသွားဖို့ ရှိကြောင်း စျေးကော်မတီတစ်ဦးထံမှသိရသည်။

မော်လမြိုင်မြို့၏ အဓိကစျေးကြီးများ ဖြစ်သည့် မြိုင်ရတနာ လေးထပ်စျေး နှင့် နှစ်ထပ်စျေးများရှိ စျေးဆိုင်ခန်းများကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း ဆေးလက်မှတ် ပြနိုင်ပါက စျေးဆိုင်ခန်းများကို အောက်တိုဘာလ ၂၅ရက်နေ့က ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

မွန်ပြည်နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၂၄ ရက်အတွင်း ကိုဗစ်ကူးစက် ဖြစ်ပွားသူ ၉၄၃ ဦးနှင့် အတည်ပြုလူနာ ၄၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts