spot_img
Tuesday, December 16, 2025
More
    spot_img
    HomeCovid 19ထိုင်းဘတ်ငွေလဲနှုန်း မြန်မာကျပ်ငွေ အနိမ့်ဆုံး ၅၁/ ၅၂ ဒဿမ ၇၅ ကျပ်အထိ စံချိန်တင်ထိုးကျသွား

    ထိုင်းဘတ်ငွေလဲနှုန်း မြန်မာကျပ်ငွေ အနိမ့်ဆုံး ၅၁/ ၅၂ ဒဿမ ၇၅ ကျပ်အထိ စံချိန်တင်ထိုးကျသွား

    -

    မွန်သတင်းအေဂျင်စီ (၃၁ သြဂုတ် ၂၀၂၁)

    ရွှေစျေးနှင့် ဒေါ်လာငွေလဲနှုန်းသိသိသာသာအပြောင်းအလဲမရှိသေးသော်လည်း ထိုင်းမြန်မာငွေလဲနှုန်းတွင် ယနေ့ပေါက်စျေးအရ ထိုင်း ၁ ဘတ်လျင် မြန်မာကျပ်ငွေအဝယ် ၅၁ ကျပ်နှင့် အရောင်း ၅၂ ဒဿမ ၇၅ ကျပ်အထိ စံချိန်တင်အနိမ့်ဆုံးထိုးကျသွားကြောင်း မော်လမြိုင်ကုန်စည်ဒိုင်သတင်းတွင် ဖော်ပြသည်။  

    စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းက ထိုင်းမြန်မာငွေလဲနှုန်းသည် ထိုင်း ၁ ဘတ် မြန်မာကျပ်ငွေ ၄၅-၄၆ ဝန်းကျင်ရှိခဲ့ရာမှ ယနေ့တွင် ထိုင်းမြန်မာနယ်စပ်မြို့များအားလုံးတွင် မြန်မာကျပ်ငွေ အနိမ့်ဆုံးသို့ မကြုံစဖူးသိသိသာသာထိုးကျသွားခြင်း ဖြစ်သည်။

    “ ထိုင်းဘတ်ငွေလဲလှယ်တဲ့နေရာမှာ အခုလိုဘာကြောင့် မြန်မာငွေတန်ဖိုးထိုးကျသွားရသလဲဆိုရင် ဖြစ်နိုင်ခြေရှိတာက ကိုဗစ်နဲ့ပတ်သက်ဆက်စပ်တဲ့ ပစ္စည်းတွေ ထိုင်းဘက်ကနေ တော်တော်လေးအဝင်များပါတယ်၊ အောက်စီဂျင်တွေကအစ၊ ဆေးဝါးပစ္စည်းအစုံပေါ့ ထိုင်းကိုပဲအားကိုးနေရတာ၊ ကိုယ်ဘက်က ဘာပစ္စည်းမှာလည်း ထိုင်းဘက်ကို တင်ပို့နေတာ မရှိပါဘူး၊ ကျန်တာက နိုင်ငံရေးအခြေအနေကြောင့်လို့ ပြောရမှာပေါ့” ဟု မော်လမြိုင်မြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

    ထို့အပြင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားခဲ့သည့် ဇူလိုင်လကတည်းက ရွှေဆိုင်များပိတ်သိမ်းထားရသဖြင့် အရောင်းအဝယ်မရှိသလောက်ဖြစ်နေကြောင်း၊ ဘဏ်များသည်လည်း ငွေအသွင်းအထုတ်အဆင်မပြေသဖြင့် မွန်ပြည်နယ်မှ အထည်ချုပ်လုပ်ငန်းများအပါအဝင် အသေးစားအလတ်စားလုပ်ငန်းများ၊ ရပ်တန့်နေကြောင်း သိရသည်။

    “ ကျမတို့ အိမ်သုံးဂက်စ်အိုးအငယ်က တစ်ခါဖြည့်ရင် အခု ၇ ထောင်အထိ စျေးတက်သွားပြီ ပြီးတဲ့လတွေမှာ ၅ ထောင်ကျော်ကျော်လောက်ပဲ၊ ထိုင်းက ဝင်လာတဲ့ပစ္စည်းတွေအားလုံး စျေးတက်သွားတယ်” ဟု မော်လမြိုင်မြို့ခံ အိမ်ရှင်မတစ်ဦးက ဆိုသည်။

    တရုပ်ပြည်မှ ဝယ်ယူမှုမရှိသည့် မွန်ပြည်နယ်မှထွက်ရှိသော သားငါးထုတ်ကုန်ပစ္စည်းများအားလုံး စျေးထိုးကျလျက်ရှိပြီး လုပ်ငန်းများရပ်ဆိုင်းရတော့မည့်အနေအထားရောက်နေသလို ရေးမြို့နယ်ထွက် သံပုရာသီးတစ်လုံး ၁၀ ကျပ်နှုန်းစျေးပေါက်သော်လည်း ဝယ်မည့်သူမရှိကြောင်း သိရသည်။

    သို့ရာတွင် သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်း၌ အခြေခံစားကုန်များ ,ထုတ်လုပ်သည့်နိုင်ငံဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှုမဖြစ်ပေါ်နိုင်ကြောင်း နစကကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယူဆပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts