HomeCovid 19ကျိုက်မရောမြိုနယ် ပေါလောကျေးရွာတွင် အရေးပေါ်ကူညီမှုများလိုအပ်နေ

ကျိုက်မရောမြိုနယ် ပေါလောကျေးရွာတွင် အရေးပေါ်ကူညီမှုများလိုအပ်နေ

-

မွန်သတင်းအေဂျင်စီ (၁၉ သြဂုတ် ၂၀၂၁)

ကျိုက်မရောမြိုနယ်အတွင်း ယခင်လက ရက်ရှည်ကြာစွာရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ပေါလောကျေးရွာ၌ ကိုဗစ်ကူးစက်မှုဒဏ်ဆက်လက်ခံစားနေရသဖြင့် အရေးပေါ်ကူညီများ လိုအပ်နေကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ပေါလောကျေးရွာ၌ ယခု ၅ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၀ ကျော် သံသယလူနာ ၃၀ ကျော်နှင့် လူနာ ၃ ဦးသေဆုံးခဲ့ကြောင်း၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသူအားနည်းမှုကြောင့် ကိုဗစ်စည်းကမ်းအတိုင်းလိုက်နာနေထိုင်သူ မရှိသလောက်ဖြစ်နေကြောင်း ပရဟိတလုပ်ငန်းဆေးင်ရွက်နသေူ မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီကို ပြောသည်။

“ သူတို့က ရေကြီးတဲ့ဒဏ်လည်းခံထားရတယ် ဒီဒေသမှာ ရေးကြီးပြီးဆိုရင်လည်း လွယ်လွယ်နဲ့မကျဘူးလေ၊  နေမကောင်းဖြစ်ကြတာကို တုပ်ကွေးလို့ပဲ ထင်နေကြတယ် ကိုဗစ်မှန်းသိတဲ့အချိန်က တော်တော်လေးကိုနောက်ကျနေပြီ အသိပညာပေးတာ အားနည်းတာလည််းပါတယ် ရွာသားတွေက အခြေခံလူတန်စားတွေပဲ ဖြစ်ကြတယ်” ဟု မိစန္ဒာနွန်က ဆိုသည်။

လတ်တလောကိုဗစ်ကူးစက်မှု မြင့်တက်နေချိန်တွင်် ကိုဗစ််အကာအကွယ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများမရှိသောကြောင့် လက်ရှိတွင် ပရဟိတအဖွဲ့များနှင့် ဆရာဝန်များကို ချိတ်ဆက်၍ အကူညီတောင်းခံလျှက်ရှိကြောင််း သူမကဆက််ပြောသည်။

အမှန်တကယ်လိုအပ်နေသော ကျန်းမာရေးအကူအညီများကို မနက်ဖန် သြဂုတ် ၂၀ ရက်နေ့ နံနက်တွင် မော်လမြိုင်မြို့မှ ဒေါက်တာ သက်ကျော်စိုးနှင့်အဖွဲ့ အခမဲ့လာရောက် ကုသပေးမည်ဖြစ်ပြီး ဆေးဝါးကုန်ကျငွေ များကို ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့မှ အကုန်ကျခံပေးမည် ဖြစ်ကြောင်း မိစန္ဒာနွန်ထံမှ သိရသည်။

အစိုးရမှခန့် သားဖွားဆရာမတစ်ဦးသာရှိသည် ပေါလောကျေးရွာတွင် ဆေးပေးခန်းကိုလည်း ပိတ်ထားသောကြောင့် ဒေသခံများက ရွာနှင့်မိုင် ၂၀ နီးပါးသည့် ကျိုက််မရောဆေးရုံကိုသာ အားကိုးနေရကြောင်း၊ ပေါလောကုန်းနှင့် ပေါလောကျွန်းဟူ၍ နှစ်မျိုးရှိရာ စုစုပေါင််းအိမ်ခြေ ၄၀၀ ကျော်ရှိပြီး အတ္တရံကျေးရွာအုပ်စု၌ ပါဝင်လျက်ရှိသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts