spot_img
Sunday, January 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ

    သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ

    -

    မွန်သတင်းအေဂျင်စီ (၁ ဖေဖော်ဝါရီ ၂၀၂၁)

    သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက် ၈ နာရီတွင် မြဝတီရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။

    ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    ယင်းကြေညာချက်တွင် မဲစာရင်းများ ပမာဏကြီးမားစွာ မှားယွင်းနေခြင်း မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှွတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ရွှေ့ဆိုင်းမှု မရှိခြင်း၊ ပြည့်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။

    ၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေဖြင့် ထောက်ခံပွဲ အလံလွင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိသည် အဆိုပါ ပြသနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ(၄၁၇)အရ နိုင်ငံတော်အား အရေပေါ်အခြေအနေကြေငြာလိုက်သည်။

    မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာ တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ် အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ယခုအမိန့်အား ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts