Homeသတင်းမူးယစ်ဆေးဝါးဘေးလမိုင်းကျေးရွာလူငယ်(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကို ကမာဝက်မြို့အနီး ဖမ်းဆီးရမိ

ဘေးလမိုင်းကျေးရွာလူငယ်(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကို ကမာဝက်မြို့အနီး ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၁၉ ဇန်နဝါရီ ၂၀၂၁)

မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက် ဇီးပင်လမ်းဝတွင် ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲအချိန်ခန့်က ဘေးလမိုင်းကျေးရွာ လူငယ်(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ခန့်ကို ကမာဝက်နယ်မြေရဲစခန်းထံမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ကမာဝက်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်က “သတင်းအရ မူးယစ်တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ စောင့်ဆိုင်းဖမ်းဆီးကြတာပါ၊ လူငယ် ၃ ယောက်ကို မူးယစ်ဆေးပြား ၃၇၀၀ နဲ့မိတယ်၊ ဖမ်းမိတာက PM ဆီဆိုင်နားက နားနေဆောင်မှာ သူတို့ထိုင်နေတဲ့ချိန် ဝင်ရောက်စစ် ဆေးတော့မိတာပါ၊ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ထားပါတယ်”ဟု ပြောသည်။

ရေးမြို့နယ်မြောက်ပိုင်း ဘေးလမိုင်းကျေးရွာနေ အောင်ကိုသက် (၂၂ နှစ်)၊ ကျော်ရီ(၂၂) နှစ် နှင့် ဖိုးချစ် (၁၉)နှစ်တို့ (၃)ဦးကို မသင်္ကာ၍ စစ်ဆေးရာမှ အဆိုပါမူးယစ်ဆေးဝါးများ လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး အောင်ကိုသက် အပါ(၃)ဦးကို ကမာဝက်နယ်မြေရဲစခန်းမှ မယ(ပ)၃/၂၀၂၁ မူး/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားရှိသည်။

ကမာဝက်မြို့ခံ အငြိမ်းစားအထက်တန်းကျောင်းဆရာအ ဦးမင်းကျော်ဝင်းက “ဒီမူးယစ်ဆေးကြောင့် လူငယ်တွေရဲ့အနာဂါတ်ပျက်ဆီးကုန်ပြီ၊ ၊လူညွှန့်တုံးကုန်ပြီး၊ ကြာရင် လူမျိုးပါပျောက်သွားနိင်တယ်၊ များများဖမ်းဆီးဖို့ လိုပါတယ်၊စာသင်ကျောင်းတွေဖွင့်တဲ့ချိန်တွေမှာ အသိပညာပေးလုပ်ငန်းတွေ များများပြုလုပ်ဖို့လိုပါတယ်။ ဆရာတို့စာရေးဆရာအသင်းအနေနဲ့လည်း မူးယစ်ပညာပေးလုပ်ငန်းတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။

သို့ရာတွင် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တဆင့်ဖြန့်ဖြူးရောင်းချသူ ကိုင်းဖျားကိုင်းနားများကိုသာ ဖမ်းဆီးရနေပြီး လက်ကြီးသမားများအား ဖော်ထုတ်ဖမ်းဆီးခြင်းနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts