Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းရေးမြို့နယ် အစင်စံပြကျေးရွာ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်တစ်ဦးထံမှ တံဆိပ်တုံးအတုဖမ်းဆီးရမိ

ရေးမြို့နယ် အစင်စံပြကျေးရွာ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်တစ်ဦးထံမှ တံဆိပ်တုံးအတုဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (နိုဝင်ဘာ ၈)

ရေးမြို့နယ်၊ အစင်စံပြကျေးရွာ ဓမင်းကုန်းရပ် မဲရုံအမှတ် (၆) ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲရုံကိုယ်စားလှယ်တစ်ဦးထံမှ UEC အမှတ်တံဆိပ်ပါ တံဆိပ်တုံးတစ်ခုနှင့် အမှတ်တံဆိပ်မပါသော တံဆိပ်တုံးအတုတစ်ခု ယနေ့နံနက်ပိုင်းက မဲရုံအတွင်းဖမ်းဆီးရမိခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ရေးမြို့နယ် မဲရုံအနေအထားများကို စောင့်ကြည့်လေ့လာသူ နိုင်တင်ရှိန်က “ မနက် ၈ နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာတဲ့၊ တံဆိပ်တုံးအတုဖမ်းမိတယ်၊ လိုင်းပေါ်မှာ တက်လာတဲ့ဟာ အမှန်ပဲဗျ၊ အစင်မှာ ဖြစ်သွားတာ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အစင်စံပြကျေးရွာ ကော်မရှင်ဥက္ကဋ္ဌနှင့် လက်ကိုင်အိတ်တွင် တံဆိပ်တုံးထည့်လာသည့် ကာယကံရှင်အမျိုးသမီးတို့ ရေးမြို့ မြို့မ ရဲစခန်းရောက်နေကြောင်း တာဝန်ကျရဲအရာရှိက အတည်ပြုသည်။

“ပြည်ခိုင်ဖြိုးစောင့်ကြည့်ရေး ဒေါ်နုနုဝင်းဆီက UEC တံဆိပ်ပါတဲ့ တံဆိပ်တုံးတစ်ခုနဲ့ အမှတ်အသားတံဆိပ်မပါတဲ့ အတုတစ်ခု တွေ့ရှိခဲ့တာပါ အရေးယူဖို့လုပ်နေပါတယ်”ဟု ရဲအရာရှိက ပြောသည်။

သို့ရာတွင် မဲစာရွက်အတုများကိုလည်း အဆိုပါတံဆိပ်တုံးအတုနှင့်အတူ တွေ့ရှိရသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရပ်ရွာများတွင်း မဲပညာပေးရာတွင် အသုံးပြုခဲ့သည်ဟုလည်း ယူဆရဖွယ်ရှိကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

အစင်စံပြကျေးရွာသည် မွန်ပြည်အတွင်း အကြီးဆုံးကျားဖောင်လုပ်ငန်းအခြေပြုရာ နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဗမာနှင့် ထားဝယ်တိုင်းရင်းသားအများစုနေထိုင်ကြသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အဓိကအားပြိုင်ရာ ကျေးရွာအုပ်စုတစ်ခုဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၄) အုပ်စုတွင် မဲရုံပေါင်း (၁၃၀) ကျော် ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ (၂၃၅၄၇၀) ဦး ရှိကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ စာရင်းက ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts