Homeသတင်းNCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် အစိုးရအဆိုပြုထား

NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် အစိုးရအဆိုပြုထား

-

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၂)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA ရေးထိုးခဲ့သည်မှာ လေးနှစ်ပြည့်တော့မည်ဖြစ်ရာ လာမည့် အောက်တိုဘာ ၁၅ ရက် ပတ်ဝန်းကျင်တွင် JICM အစည်းအဝေးကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO အဖွဲ့ပြောခွင့်ရ နိုင်အောင်မငေးက “ NCA နှစ်ပတ်လည်က သီတင်းကျွတ်လပြည့် အခါကြီး ရက်ကြီးတွေမှာကျနေတော့ အောက်တိုဘာ ၁၅ မတိုင်ခင်လား၊ နောက်ဘက်ကို ရက်တိုးသွားမှာလား ကျနော်တို့မှာ ဆုံးဖြတ်ချက်မကျသေးဘူး” ဟု ဆိုသည်။

အစိုးရနှင့် NCA-S EAO တို့ စက်တင်ဘာ ၁၀ နေ့ညှိနှိုင်းအစည်းအဝေးတွင် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ တင်ပြထားသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ရှေ့ဆက်သွားနိုင်ရေး အဆိုပြုချက် (၄) ချက်ကို ဆွေးနွေးခဲ့ကြောင်း နိုင်အောင်မငေးက ပြောသည်။

“အခုအစိုးရဆီကရတဲ့ အဆိုပြုချက်တွေကို ကျွန်တော်တို့ ယူသွားပြီးတော့ ကျွန်တော်တို့ပေးတဲ့ အဆိုပြုချက် အစိုးရကယူသွားပါတယ်။ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အဆိုပြုချက်ဖြစ်ရင် UPC က ဖြစ်လာဖို့ အစီအစဉ် ရှိပါတယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ(စတုတ္ထအစည်းအဝေး) ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပသွားရန် နှစ်ဖက်ကိုယ်စားလှယ်များ မူအားဖြင့် သဘောတူညီကြကြောင်း သိရသည်။

Photo-အစိုးရနှင့် NCA-S EAO တို့ စက်တင်ဘာ ၁၀ ရက်နေ့ ညှိနှိုင်းအစည်းအဝေး(Hla Maung Shwe)

“ဒီ NLD အစိုးရသက်တမ်းမှာ ကျွန်တော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေ သုံးကြိမ်အထိ ကျင်းပပြီးပြီ။ ဒီသုံးကြိမ်ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံရေး သဘောတူညီချက် အခြေခံမူတွေကတော့ (၅၁) ချက်ရထားပြီးပြီ။ နောင်လာမယ့် ၂၀၂၀ ကာလအတွက် ကျွန်တော်တို့ ဘယ်လို ဆက်သွားမလဲဆိုတဲ့ သဘောတူညီချက်တွေကိုပါ ပြန်ချုပ်လိုက်တာ” ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်က ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် သွားနိုင်ရေး အဆိုပြုခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း နှစ်ဘက်ကိုယ်စားလှယ်များထံမှ သိရသည်။

(၇) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ နောက်ဆုံးအကြိမ်ကျင်ပးခဲ့ကြောင်း တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts