Tuesday, April 14, 2026
More
    spot_img
    Homeသတင်းမုတ္တမအနီးတောင်ပြိုကျမှုတွင် သေဆုံးသူ ၁၀ ဦးရှိသည်ဟု အစိုးရသတင်းထုတ်ပြန်သော်လည်း လူသေအလောင်းများစွာ ထပ်မံတွေ့ရှိနိုင်သည်ဟု ယူဆ

    မုတ္တမအနီးတောင်ပြိုကျမှုတွင် သေဆုံးသူ ၁၀ ဦးရှိသည်ဟု အစိုးရသတင်းထုတ်ပြန်သော်လည်း လူသေအလောင်းများစွာ ထပ်မံတွေ့ရှိနိုင်သည်ဟု ယူဆ

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၉)

    မော်လမြိုင် – ရန်ကုန်လမ်းမကြီးပေါ်ရှိ မုတ္တမမြို့အနီးရှိ သဲဖြူကုန်းကျေးရွာအုပ်စု၊ မလတ်တောင်ပြိုကျသဖြင့် သေဆုံးသူဦးရေ ၁၀ ဦးနှင့် ဒဏ်ရာရလူနာ ၂၇ ဦးရှိကြောင်း မွန်ပြည်နယ်အစိုးရရုံးက ယနေ့တွင် သတင််းထုတ်ပြန်သော်လည်း လူသေအလောင်းများ ထပ်မံတွေ့ရှိနိုင်သည်ဟု ကယ်ဆယ်ရေးလုပ်သားများက ယူဆနေကြသည်။

    ယနေ့နံနက်စောစောပိုင်းက ဖြစ်ပေါ်ခဲ့သော အဆိုပါတောင်မြေပြိုကျမှုတွင် သေဆုံးသူဦးရေ ၅၀ ကျော် ရှိလာပြီး ပိတ်မိနေသော ပြည်သူများအား ကယ်ဆယ်ရေးအဖွဲ့များမှ ဆက်လက်ရှာဖွေလျက်ရှိကြောင်း၊ Express ကားများနှင့် ကိုယ်ပိုင်ကားငယ်များမှာလည်း မြေသားအောက် ရောက်ရှိနေပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်တိုက်လုပ်ဆောင်နေပါကြောင်း၊ ကူညီရှာဖွေရာမှ ပေါ်ထွက်လာသော လူသေအလောင်းများအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ Ambulances များဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးနေပါကြောင်း ဘားအံအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ Facebook စာမျက်နှာတွင် ဖော်ပြသည်။

    “လမ်းမပေါ်က ကားတွေကိုရော အကုန်လုံးတိုက်ချသွားတော့ အဲ့ဒီ မြေကြီးတွေအောက်မှာ ကားဘယ်နှစ်စီးရှိတယ်။ လူဘယ်နှစ်ယောက်ပိပြီး သေနေတယ်ဆိုတာမသိနိုင်ဘူးရှင့်။ ကျွန်မထင်တယ် အားလုံးပေါင်း လူ ၁၀၀ နီးပါးလောက် ပိနေမယ်ထင်တယ်” ဟု သထုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခိုင်ခိုင်လဲ့က ပြောသည်။

    အဆိုပါ လမ်းပိတ်ဆို့မှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိရာ မော်လမြိုင်-ရန်ကုန်လမ်းမကြီးအား ယနေ့ညနေ ၅ နာရီခွဲအချိန်ထိ ပုံမှန်အတိုင်းပြန်လည် အသုံးပြုနိုင်ခြင်းမရှိသေးသဖြင့် မော်တော်ကားများဖြတ်သန်းသွားလာခြင်း မရှိသေးပေ။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းပိတ်ဆို့မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်အတွင်းရှိ မြေတူးစက် Backhoe/ Dozer များဖြင့် နေ့ချင်းပြီး အမြန်ဆုံးဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန်နှင့် မြေပြိုကျမှုကြောင့် သေဆုံး/ဒဏ်ရာရရှိခဲ့သောလူစာရင်းများ၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များ၊ မော်တော်ယာဉ်စာရင်းများအား အမြန်ဆုံးစာရင်းပြုစုကာ အချိန်နှင့် တပြေးညီသတင်းပေးပို့ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


    Photo- မြေကြီးနှင့်အဆောက်အဦတွင် ပိမိသေဆုံးနေသော မိခင်နှင့် ခလေး (myanmar rescue organization – hpa an)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks