spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီ မြို့နယ်အဆင့်ပေါင်းစည်းရေး (၃) နေရာသာ ကျန်ရှိ

    မွန်ညီညွတ်ရေးပါတီ မြို့နယ်အဆင့်ပေါင်းစည်းရေး (၃) နေရာသာ ကျန်ရှိ

    -

    ရွှေရိုး (မော်လမြိုင်၊ ဇန်-၃၀)

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီတို့ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီ အမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားလျက်ရှိရာ မြို့နယ်အဆင့်ပါတီပေါင်းစည်းရေးတွင် ၃ မြို့နယ်သာ ကျန်ရှိတော့ကြောင်း ပါတီခေါင်းဆောင်များထံမှ သိရသည်။

    “ကော့ကရိတ်ဘက်မှာ တစ်မြို့နယ်ကျန်တယ်။ ရန်ကုန်၊ပဲခူးကျန်သေးတယ်။ ရန်ကုန်နဲ့ပဲခူးကျတော့ မကြာခင်မှာ အကောင်အထည်ဖော်သွားမယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

    မြို့နယ်အဆင့်ပါတီပေါင်းစည်းရေးကို မော်လမြိုင်၊ ပေါင်၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းတွင် ကော့သောင်းနှင့် ဘုတ်ပြင်း၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် အပါအဝင် မြို့နယ် (၁၂) မြို့နယ်၌ ပေါင်းစည်းရေးဆောင်ရွက်ထားပြီးဖြစ် ကြောင်း ၎င်းက ဆိုသည်။

    “ပထမအဆင့်မှာ ပေါင်းစည်းခွင့်ပဲပြောပြော ပါတီတည်ထောင်ခွင့်ပဲပြောပြော မွန်ညီညွတ်ရေးပါတီက အတည်ဖြစ်လိမ့်မယ်။ အတည်ဖြစ်ပြီးရင် ပါတီဝင်ဦးရေ တစ်ထောင်နဲ့ ဗဟိုကော်မတီစာရင်းတွေ တင်ပြရမယ်၊ ဒီဟာတွေ တင်ပြပြီးမှ မှတ်ပုံတင်ကျမယ်။ မှတ်ပုံတင်ကျပြီးတာနဲ့ အရင်နှစ်ပါတီလုံးရဲ့ဆိုင်းဘုတ်တွေကို ပြန်လည်ရုပ်သိမ်းသွားမယ်”ဟု နိုင်လယိတမက ပြောသည်။

    မကြာမီသီတင်းပတ်အတွင်း မြို့နယ်အဆင့်ပေါင်းစည်းရေးကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် မုဒုံမြို့နယ်အတွင်း ကျေးရွာ (၂၀) ဝန်းကျင်ခန့်ကို ကျေးရွာအဆင့်ပါတီပေါင်းစည်းရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

    “ဒီအဆင့်ရောက်နေပြီးဆိုတော့ ဒါက ကျွန်တော်တို့ မျှော်မှန်းထားတဲ့ တစ်ပါတီဖြစ်လာပါပြီ၊ ဒါက ကောင်းတဲ့အချက်ပါ၊ အခုက ၂၀၁၉ ရောက်နေပြီးဆိုတော့ သူတို့လုပ်နေတဲ့ မြို့နယ်အဆင့် ကျေးရွာအဆင့် ပါတီပေါင်းစည်းရေးကိုတော့ ဒီထက်မြန်မြန်လေး အကောင်အထည်ဖော်စေချင်တယ်။ ၂၀၂၀ အတွက် ပိုပြီး ကြိုတင်ပြင်ဆင်လို့ရအောင်ပေါ့”ဟု မုဒုံမြို့မှ နိုင်ဗညားက ပြောသည်။

    မူလက မွန်ပါတီအမည်ဖြင့် တရားဝင်မှတ်ပုံတင်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခွင့်မပြုသဖြင့် နောက်တစ်ကြိမ်တွင် မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ထားဆဲ ဖြစ်သည်။


    Photo- ဘုရားသုံးဆူမြို့ မွန်ပါတီပေါင်းစည်းရေး အစည်းအဝေးကျင်းပခဲ့စဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts