spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမော်တော်ဆိုင်ကယ် ယာယီနံပါတ်ပြားများ တရားမဝင်ဟုဆို

    မော်တော်ဆိုင်ကယ် ယာယီနံပါတ်ပြားများ တရားမဝင်ဟုဆို

    -

    ရူပါဗလွဲ (မော်လမြိုင်၊ ဇန်-၃၁)

    ကုမ္ပဏီမှ ထုတ်ပေးသည့် မော်တော်ဆိုင်ကယ်ယာယီနံပါတ်ပြားများသည် လက်ရှိပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအရ တရားမဝင်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

    ၂၀၁၅ မော်တော်ယာဉ်ဥပဒေ၏ အခန်း (၉) ပုဒ်မ (၄၅) က အရ မော်တော်ယာဉ်ကို မှတ်ပုံတင်မရှိခြင်း၊ ပုဒ်မ (၄၆) အရ မည်သူမျှ မော်တော်ယဉ်ကို သူတစ်ပါးထိခိုက်မှု အာမခံမထားရှိဘဲ အများပြည်သူဆိုင်ရာနေရာတွင် အသုံးမပြုရ သို့မဟုတ် အသုံးပြုခွင့်မပေးရ။ ဤတားမြစ်ချက်သည် ခရီးသည်များနှင့်မဆိုင်စေရဟု ဥပဒေ ပြဌာန်းထားကြောင်း ဆိုသည်။

    မွန်ပြည်နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှုး ဦးကျော်သူက “ယာယီဆိုတာ တရားဝင်မဟုတ်ဘူး၊ ဆိုင်ကယ်နံပါတ်ပြားမပါဘဲ မောင်းရင်လူကြည့်မကောင်းလို့ အင်ဂျင်နံပါတ်လေးတပ်ထားတာ၊ ယာဉ်မတော်တဆမှုဖြစ်ရင် ကုမ္ပဏီမှာသွားမေးမယ်၊ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးရင် လိုက်ရလွယ်အောင် တပ်ထားတာ တကယ်တမ်းဥပဒေမှာမရှိဘူး။ ကညနလည်း ခွင့်မပြုထားဘူး ဒါပေမယ့် ပြည်သူတွေအဆင်ပြေအောင် နံပါတ်ပြားတပ်ထားတာကို နားလည်မှုပေးထားတယ်” ဟု ပြောသည်။

    ယာယီနံပါတ်ပြား တပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ်များကို လင်းယုန်စီမံချက်မတိုင်ခင်ကလည်း ဖမ်းဆီးကြောင်း၊ ယင်းကဲ့သို့ ဖမ်းမိရာမှာ တစ်ချို့သော ကုမ္ပဏီများက တရားဝင်လာရောက်ဖြေရှင်းမှုမရှိကြောင်း သူက ဆက်ပြောသည်။

    ထို့အပြင် ကုမ္ပများအနေဖြင့် မော်တော်ဆိုင်ကယ် အစီး ၁၀၀ တင်သွင်းလာပါက ကုမ္ပဏီနာမည်ဖြင့် တရားဝင်လိုင်စင်ရရှိမှသာ ရောင်းချရမည်ဖြစ်ကြောင်း ဦးကျော်သူက ဆိုသည်။

    သို့ရာတွင် ကုမ္ပဏီနာမည်ဖြင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်နာမည်ဖြင့် တရားဝင်လိုင်စင်လျှောက်ပါက မော်တော်ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီး (၂) လမှ (၅) လကြာအထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း မော်လမြိုင်မြို့ရှိ ကိုမျိုးဇော်+မစိုးစန္ဒာ ဆိုင်ကယ်ရောင်းဝယ်ရေးကုမ္ပဏီထံမှ သိရသည်။

    “ကျွန်တော်တို့က တာဝန်ယူပေးတယ်။ ကျွန်တော်တို့ ရောင်းပေးထားတာက လိုင်စင်ဘီးတွေပဲ ရောင်းပေး
    ထားတာဖြစ်တဲ့အတွက် တာဝန်ယူပေးတယ်။ တပ်ထားတဲ့ယာယီနံပါတ်တွေက ဖရိန်နံပါတ်ရော အင်ဂျင်နံပါတ်ရော အနောက်မှာ လေးလုံးထည့်ပေးထားတယ်” ဟု ကိုမျိုးဇော်က ပြောသည်။

    မွန်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆိုင်ကယ်အပါအဝင် စုစုပေါင်း မော်တော်ယာဉ် ၃၇၉,၆၆၈ စီး မှတ်ပုံတင်ထားပြီးကြောင်း မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာနထံမှ သိရသည်။


    Photo- မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေး (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts