Homeသတင်းအိမ်ကို မီးရှို့ပြီး ဖခင်ကို တုတ်ပိုင်းဖြင့်ထိုးသည့်သားအား အမှုဖွင့်

အိမ်ကို မီးရှို့ပြီး ဖခင်ကို တုတ်ပိုင်းဖြင့်ထိုးသည့်သားအား အမှုဖွင့်

-

မင်းချမ်းညီ (သံဖြူဇရပ်၊ ဇန်-၂၄)

မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာတွင် သားဖြစ်သူက အိမ်ကို ဓာတ်ဆီလောင်းမီးရှို့ပြီး ဖခင်ဖြစ်သူ၏နဖူးကို လေးနှစ်တုတ်ပိုင်းဖြင့်ထိုးသည့် ပြစ်မှုကျူးလွန်သူကို အမှုဖွင့် စစ်ဆေးနေကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

သံဖြူဇရပ်မြို့မ နာရေးကူညီမှု လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးကျော်ဝင်းက “အဖေ့ကို အိမ်ပေါ်ကနေပြီး လေးနှစ်သစ်ပိုင်းနဲ့ထိုးချလိုက်တယ်လို့ပြောတယ်။ သူ့အဖေရဲ့ နဖူးက ကျွံပြီးတော့ ကွဲသွားတယ်။ နဖူးအလည့်တည့်တည့်တော့ မဟုတ်ဘူး။ ဆံပင်အဆက်လေးမှာ တြိဂံပုံစံလေးချိုင့်ဝင်နေတယ်။ လေးနှစ်သစ်ပိုင်းက နည်းနည်းရှည်တယ်။ သူ့အဖေကိုစိတ်ဆိုးပြီးတော့ ထိုးလိုက်တယ်လို့ သူ့သမီးက ပြောတယ်။
အခု လူနာက သွေးအန်နေတာတွေတော့ရှိတယ်။ သံဖြူဇရပ်ဆေးရုံကတော့ စောင့်ကြည့်ရမယ်လို့ပြောတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကျော်မြင့်က ၎င်းတို့နေထိုင်ရာအိမ်ကို ဓာတ်ဆီလောင်းမီးရှို့သဖြင့် ဖခင်ဖြစ်သူ ဦးဝင်း (၄၅ နှစ်) က တုတ်ဖြင့်ရိုက်နှက်ပြီး တဖန် သားဖြစ်သူက ဖခင်ဖြစ်သူအား လေးနှစ်သစ်ပိုင်းအရှည်ဖြင့် ပြန်လည်ထိုးခဲ့မှုကြောင့် ဦးဝင်းမှာ နဖူးပေါက်ပြဲ၍ သံဖြူဇရပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။

သံဖြူဇရပ်မြို့မရဲစခန်းမှ ရဲအုပ် မင်းဌေးမောင်မောင်က “အခုက အမှုဖွင့်နေတုန်းပါ။ သူ့သားက နည်းနည်းစိတ်ဖောက်နေတယ်။ စိတ်မနှံ့ဘူး။ သူ့သားက အိမ်ကိုမီးရှို့လို့ သူ့အဖေကတုတ်နဲ့ရိုက်လိုက်တယ်။ လောလောဆယ် သူ့သားကို စစ်ဆေးနေတုန်းပါ”ဟု ပြောသည်။

သားဖြစ်သူ မီးရှို့မှုကြောင့် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီက မီးစတင်လောင်ကျွမ်းသဖြင့် သံဖြူဇရပ်မြို့မှ မီးသတ်ယာဉ်တစ်စီး၊ ပင ကျေးရွာမှ အရံမီးသတ်တစ်စီးတို့က နံနက် ၅ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အလားတူ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာ၌ ၂၀၁၆ ခုနှစ် ဧပြီလတွင် စိတ်မနှံ့သူဟုယူဆရသူ ရွာသားတစ်ဦးမှ ၎င်း၏နေအိမ်ကို မီးရှို့ပြီး ပတ်ဝန်းကျင်ရှိသူများအား ဓါးနှင့် လိုက်လံခုတ်ရာ (၆) ဦးသေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရရှိသည့်ဖြစ်စဉ်ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

Photo-မီးရှို့ခဲ့သည့်နေအိမ် (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts