spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် တပ်မတော်စစ်ဆင်ရေးအားလုံး ရပ်ဆိုင်းမည်ဟုကြေညာ

    ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် တပ်မတော်စစ်ဆင်ရေးအားလုံး ရပ်ဆိုင်းမည်ဟုကြေညာ

    -

    မွန်သတင်းအေဂျင်စီ (ဒီဇင်ဘာ ၂၁)

    ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် တပ်မတော်ဘက်က စစ်ဆင်ရေးများအားလုံး “၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းပေးပါမည်” ယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့တို့ နေပြည်တော် တပ်မတော်ကာကွယ်ရေးရုံး၌ ယနေ့တွေ့ဆုံပွဲတွင် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ကို ကြေညာခဲ့ခြင်းဖြစ်သည်။

    Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(Google)

    တပ်မတော်ဘက်မှ စစ်ဆင်ရေး ရပ်ဆိုင်းပေးမည့် နယ်မြေများတွင် KIA ၊ TNLA ၊ MNDAA ၊ AA စသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ ) များရှိ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အနေဖြင့် တစ်ဖွဲ့ချင်းစီ ညှိနှိုင်းဆွေးနွေးသွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ထို့အတူ တပ်မတော်ဘက်မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၁၀)ဖွဲ့ နှင့်လည်း လိုအပ်ပါက တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ယင်းသို့ဆောင်ရွက်နိုင်ရန် တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အရာရှိကြီးများ အပါအဝင် သက်ဆိုင်ရာနယ်မြေများရှိ စစ်တိုင်းမှူးများ ပါဝင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်သည်။

    သို့ရာတွင် သဘောတူစာချုပ်များအတိုင်း ကတိတည်ရန် ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန် ၊ ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ဆိုသည့်အချက်များကို လိုက်နာရမည်ဟုလည်း ယခင်တပ်မတော် မူဝါဒ ၆ ချက်မှ ၄ ချက်ကို ဆက်လက်ဖော်ပြသည်။

    ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရန် တပ်မတော်အနေဖြင့် ဆုံးဖြတ်ထားခြင်းကြောင့် လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts