Homeသတင်းမွန်ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်းနှင့် လုပ်ငန်းကော်မတီလမ်းညွှန်ချက်တို့ကို အတည်ပြု

မွန်ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်းနှင့် လုပ်ငန်းကော်မတီလမ်းညွှန်ချက်တို့ကို အတည်ပြု

-

မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၂၇)

ပထမအကြိမ် မွန်ပါတီ Mon Party ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာလ ၂၅-၂၆ ရက်နေ့က မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမ၌ ကျင်းပခဲ့ရာ မွန်ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်းနှင့် ပါတီလုပ်ငန်းကော်မတီလမ်းညွှန်းချက်တို့ကို အတည်ပြုခဲ့ကြောင်း မွန်ပါတီ တွဲဖက်အတွင်းရေးမှုး (၁) နိုင်လယိတမထံက ပြောသည်။

နိုင်လယိတမက “ဗဟိုကော်မတီ အစည်းအဝေးကတော့ အဓိက ခေါင်းစဉ် ၃ ခုကို ဆွေးနွေးဖို့ ပြင်ဆင်ထားတာပေါ့။ အဲဒီအထဲမှာတော့ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မူကြမ်းနဲ့ ပါတီရဲ့ လုပ်ငန်းကော်မတီ လမ်းညွှန်းချက်ကိစ္စတို့ကို အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့ ပါတီဘဏ္ဍာငွေ သုံးစွဲရေးမူဝါဒကိုကျတော့ အချိန်ကုန်သွားတာကြောင့် ဒီကိစ္စကို ဆက်လက်ဆွေးနွေးဖို့ ဗဟိုကော်မတီဝင်တွေက ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေကို တာဝန်လွှဲပေးထားတယ်” ဟု ပြောသည်။

Photo- ပထမအကြိမ် မွန်ပါတီ Mon Party ဗဟိုကော်မတီအစည်းအဝေး(MNA)

ယခုအခါ မွန်ပါတီ နှစ်ပါတီပေါင်းစည်းခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားဆဲဖြစ်ကြောင်း၊ မြို့နယ်အလိုက် အောက်ခြေပါတီဝင်များ ပေါင်းစည်းရေးကိစ္စကို ၃ လအတွင်း ပြီးမြောက်နိုင်ရန် အဖွဲ့ခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်လယိတမက ဆက်ပြောသည်။

“မွန်အမျိုးသားထုအတွက် ပါတီသစ် (မွန်ပါတီ) ကို ထောင်မယ်ဆိုတာက ပြည်သူတွေကို ဘယ်လိုချပြထားတာရှိလဲ၊ ဘယ်လိုမူဝါဒတွေနဲ့ သွားကြမှာလဲ၊ ဒါတွေကို မွန်ပြည်သူတွေသိလာအောင် သေသေချာချာ ချပြပေးသင့်တယ်။ အခုထိကတော့ ပါတီဖွဲ့စည်းရေးကိစ္စတွေနဲ့ပဲ သူတို့ အလုပ်ရှုပ်နေကြတာတွေ့ရတယ်” ဟု မွန်လူငယ်တစ်ဦးဖြစ်သူ နိုင်စဝေါမွန်က ပြောသည်။

ထို့အပြင် မွန်ပါတီအနေဖြင့် တရားဝင်ဖြစ်လာပါက ပါတီ၏ မဟာမိတ်ကိစ္စနှင့် လာမည့်ရွေးကောက်ပွဲတွေအတွက် အသင့်ပြင်ဆင်ထားသင့်ကြာင်း သူက ထောက်ပြသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်အမျိုးသားပါတီ MNP နှင့် မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေးအဖွဲ့တို့ပေါင်းစည်း၍ လွန်ခဲ့သည့်အောက်တိုဘာလ ၂၁ ရက်နေ့က မွန်ပါတီ Mon Party ဟုအမည်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဗဟိုကော်မတီဝင် ၁၄၀ ဦးရှိသည့်အနက် ယခုအစည်းအဝေး တက်ရောက်သူ ၆၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts