Homeသတင်းကွယ်လွန်သူ မွန်အမျိုးသားခေါင်းဆောင်ကြီး " နိုင်ငွေသိမ်း " ဈာပနအခမ်းအနားအား ရေးဝေသုဿာန်၌ စနေနေ့တွင် ကျင်းပမည်

ကွယ်လွန်သူ မွန်အမျိုးသားခေါင်းဆောင်ကြီး ” နိုင်ငွေသိမ်း ” ဈာပနအခမ်းအနားအား ရေးဝေသုဿာန်၌ စနေနေ့တွင် ကျင်းပမည်

-

မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း အသက် (၉၆) နှစ်၏ ဈာပနအခမ်းအနားအား ရန်ကုန်မြို့ ရေးဝေးသုဿာန်ခန်းမ (၁-က)၌ အောက်တိုဘာ ၆ ရက် စနေနေ့၊ မွန်းလွဲ (၃) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညနေ (၄) နာရီ၌ မီးသဂြိုၤလ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုဝင်များမှ သိရသည်။

နိုင်ငွေသိမ်းသည် ရန်ကုန်မြို့ နေအိမ်၌ အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့ ညနေ (၅:၅၂) အချိန်ခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း(Talacham)

မော်လမြိုင်ဒေသမှ မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်း ဈာပနကျင်းပရေးကော်မတီဝင် နိုင်လယီတမက “ ရန်ကုန်ဈာပနသွားဖို့အတွက် အောက်တိုဘာ ၆ ရက်နေ့ မနက် ၆ နာရီ မော်လမြိုင် မွန်ဓမ္မာရုံကနေ အားလုံးစုပြီးထွက်ကြမယ်၊ တစ်မြို့နယ် အယောက် ၅၀ လောက် အနည်းဆုံးခန့်မှန်းထားတယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီဘက်ကလည်း လာကြမယ်” ဟု ပြောသည်။

အဆိုပါ ဈာပနအခမ်းအနားကျင်းပပြီးစီးသည့်အခါ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ နိုင်ငွေသိမ်းနေအိမ်၌ အောက်တိုဘာ ၈ ရက်နေ့တွင် ရက်လည်ဆွမ်းကျွေးမည်ဟု ဆိုသည်။

ထိုနောက် နိုင်ငွေသိမ်း၏ အရိုးအိုးကို မော်လမြိုင်မွန်ဓမ္မာရုံ၌ ယာယီထားရှိသွားမည်ဖြစ်ပြီး ကွယ်လွန်သူ မွန်ခေါင်းဆောင် နိုင်ထွန်းသိန်းနှင့် နိုင်သိမ်းမောင်တို့၏ ပေါင်မြို့ရှိအုတ်ဂူအနီးတွင် အတူမြှုပ်နှံရန် စီစဉ်ထားသည်။

နိုင်ငွေသိမ်းသည် (၁၉၂၃) ခုနှစ် မတ်(၁၉)ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၌ အဖ နိုင်သာဒွန်းအောင်၊ အမိ မိငွေသုန်တို့မှ မွေးဖွားခဲ့ပြီး အသက် (၁၅) နှစ်အရွယ် ဖျာပုံမြို့ အထက်တန်းကျောင်းသားဘဝတွင် နယ်ချဲ့ဆန်ကျင်ရေး ကျောင်းသားသပိတ်စတင်ဆင်နွဲခဲ့သူ ဖြစ်သည်။

နိုင်ငွေသိမ်းသည် မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်၊ မွန်အမျိုးသားဒီမိုကရေစီပါတီ ဒုဥက္ကဌ၊ မွန်ဒီမိုကရေစီပါတီဥက္ကဌ၊ မွန်အမျိုးသားပါတီ ဥက္ကဌနှင့် ဂုဏ်ထူးဆောင်နာယက အသီးသီးတို့ကို တာဝန်ပေးအပ်ခြင်း ခံရသူဖြစ်သည်။

သူ၏ ဘဝဖြစ်စဉ်တစ်ခုလုံး၌ နိုင်ငံရေးနှင့် မွန်အမျိုးသားရေးကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သဖြင့် ထောင်အလီလီကျခံခဲ့ရသော ဝါရင့်နိုင်ငံရေးသမား မွန်အမျိုးသားခေါင်းဆောင်အဖြစ် မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။

ကွယ်လွန်ချိန်တွင် တစ်ဦးတည်းသောသား မင်းတင်နိုင်ဦး(Norstar Cerw Management Co., Ltd) ချွေးမ ဒေါ်စုစုဝင်း နှင့် မြေး မင်းပိုင်မျိုးခန့်တို့ ကျန်ရစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts