Wednesday, May 6, 2026
More
    spot_img
    Homeသတင်းလူဦးရေကန့်သတ်ခံထားရသည့် မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ အစိုးရနှင့် သဘောတူညီမှုမရသေး

    လူဦးရေကန့်သတ်ခံထားရသည့် မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ အစိုးရနှင့် သဘောတူညီမှုမရသေး

    -

    ကရင်ပြည်နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ၃ နေရာ၌ ပြုလုပ်မည့် မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲများအတွက် အစိုးရဘက်မှ လူဦးရေကန့်သတ်ထားမှုကိစ္စကို မော်လမြိုင်မြို့၌ ကျင်းပပြီးစီးခဲ့သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ သဘောတူညီမှုမရရှိသေးကြောင်း တက်ရောက်သူများထံမှ စုံစမ်းသိရှိရသည်။

    မွန်ပြည်သစ်ပါတီ၏ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ  လူထုတွေ့ဆုံပွဲများ ကျင်းပမည့်အစီအစဉ်ကို  အစိုးရကခွင့်ပြုထားပြီဖြစ်ကြောင်း။  မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ဝယ်ဇင်ရွာနှင့် ညီစားရွာတို့၌ မွန်ပြည်သစ်ဦးဆောင် ကျင်းမည့်လူထုတွေ့ဆုံပွဲများကို လူဦးရေကန့်သတ်မထားကြောင်း သိရသည်။

    အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

    အဆိုပါညှိနှိုင်းအစည်းအဝေး၌ ကရင်ပြည်နယ် ၃ နေရာတွင် လူဦးရေ ၄၀ ဦးခန့်ဖြင့် တစ်နေရာ ၂ ရက်တာကျင်းပသွားရန် အစိုးရက မွန်ပြည်သစ်ထံ ထပ်မံအဆိုပြုထားသည့်ကိစ္စကို ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ EC အရေးပေါ်အစည်းအဝေးကျင်းပ၍  ပြန်လည်အကြောင်းပြန်မည်ဟု သိရသည်။

    အကယ်၍ အထက်ပါအစိုးရ၏အဆိုပြုချက်ကို မွန်ပြည်သစ်ပါတီလက်ခံပါက ယခုဧပြီလကုန်ပိုင်းတွင် လူထုတွေ့ဆုံပွဲများကျင်းပသွားရန်နှင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့်မေလဆန်းတွင် ကျင်းပသွားရန် အကြမ်းဖျဉ်းလျာထားသည်ဟု အမည်ဖော်ပြခွင့်မရှိသည့် အစည်းအဝေးတက်ရောက်သူတစ်ဦးက ဆိုသည်။

    အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UNDJC အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး လူမှုကွန်ယက်သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks