Tuesday, April 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်လူထုတွေ့ဆုံပွဲ ညီစားရွာတွင်သင်္ကြန်မတိုင်မီ ကျင်းပမည်

    မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ ညီစားရွာတွင်သင်္ကြန်မတိုင်မီ ကျင်းပမည်

    -

    မွန်ပြည်သစ်ပါတီ NMSP ၏ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ  လူထုတွေ့ဆုံပွဲတစ်ရပ်ကို မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ ညီစားရွာတွင် သင်္ကြန်မတိုင်မီ ၃ ရက်ခန့် အချိန်ယူကျင်းပသွားမည်ဟုဆုံးဖြတ်လိုက်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ သတင်းရရှိသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် EC အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းညီစားရွာ လူထုတွေ့ဆုံပွဲ ကျင်းပမည့်အစီအစဉ်များကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှ အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိသလို ကရင်ပြည်နယ်အတွင်း လူဦးရေ ၄၀ ထက်မပိုသည့်လူထုတွေ့ဆုံပွဲများ မွန်ပြည်သစ်ကျင်းပဖြစ်မဖြစ်ကိုလည်း မသိရသေးပေ။

    NMSP ခေါင်းဆောင်များ(ဘယ်အစွန် ၄ ဦး) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

    ရေးမြို့နယ်အတွင်းရှိ ဝယ်ဇင်ရွာနှင့် ညီစားရွာတို့၌ မွန်ပြည်သစ်ဦးဆောင်ကျင်းမည့်လူထုတွေ့ဆုံပွဲများကို အစိုးရဘက်က သဘောတူခွင့်ပြုပေးထားပြီဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင်တစ်ဦးထံမှ သိရသည်။

    အဆိုပါ မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲများကို ယခုဧပြီလကုန်ပိုင်းတွင် အဆင်ပြေချောမွေ့စွာကျင်းပဖြစ်ပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့်မေလဆန်းတွင် ရေးမြို့နယ်၌ ကျင်းပသွားရန် အကြမ်းဖျဉ်းလျာထားသည်ဟု စုံစမ်းသိရှိရသည်။

    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UNDJC အဖွဲ့ဝင်များနှင့် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီတို့ တက်ရောက်ခဲ့ကြသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ၌ ကျင်းပခဲ့ရာတွင် မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲများကျင်းပရေးကိစ္စကို သဘောတူဆုံးဖြတ်ချက်မချနိုင်သဖြင့် သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks