Homeသတင်းမွန်ပြည်နယ်ဆားကြမ်း တစ်ပိဿာကျပ် ၁၀ဝ အထက်ဈေးပေါက်

မွန်ပြည်နယ်ဆားကြမ်း တစ်ပိဿာကျပ် ၁၀ဝ အထက်ဈေးပေါက်

-

မွန်ပြည်နယ်တွင် ဆားကြမ်းဈေးကျခဲ့ရာမှ ယခုအခါ တစ်ပိဿာကျပ် ၁၀ဝ အထက်ဈေးပေါက်လာကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဝင် မင်းတင်မောင်ဝင်း(ခ) နိုင်ဟုက “ ဒီနေ့ပငမှာ ဆားကြမ်းတစ်ပိဿာ ၁၂၀ ကျပ်ဝန်းကျင်ဈေးပေါက်တယ်၊ လက်ကျန်ဆားတွေလည်း ကုန်သလောက်ဖြစ်နေပြီဆိုတော့ ဈေးထပ်တက်လာဖို့ရှိတယ်” ဟု ပြောသည်။

ပင နေလှန်းဆားကွင်းတစ်နေရာ(Soe Moe)

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ထိ ဆားကြမ်းတစ်ပိဿာကျပ် ၁၇ဝ နှင့် ၂ဝဝ ကြားရှိခဲ့ရာမှ ဖေဖော်ဝါရီလဆန်းတွင် တစ်ပိဿာကျပ် ၁ဝဝ အထိထိုးကျသွားကြောင်း သူကပြောသည်။

“ဈေးနှုန်းမြင့်လာတော့ ဆားကြိတ်လုပ်ငန်းသမားတွေမှာ အရောင်းအဝယ်ပါးလာတယ်၊ ဆားအသစ်ထွက်ချိန်လည်း ရောက်လာတော့ လျော့ဈေးနဲ့ရောင်းကြရတဲ့အထိဖြစ်ခဲ့တာပေါ့” ဟု နိုင်ဟုက ဆိုသည်။

မွန်ပြည်နယ်နေလှန်းဆားလုပ်ငန်းသည် နှစ်စဉ်မိုးရာသီစတင်ချိန်ရပ်နားထားရပြီး မိုးကုန်ကာလ၌ ဆားကွင်းများပြန်လည်ပြင်ဆင်၍ ပင်လယ်ရေငံများကို နေလှန်းသည့်စနစ်ဖြင့် ဇန်နဝါရီလဆန်းပိုင်းခန့်တွင် ဆားကြမ်းများထွက်ရှိသည်ဟု သိရသည်။

စားဈေးနှုန်းအတက်အကျမှာ ဝယ်လိုအားပေါ်မူတည်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း မွန်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ယခုနှစ် ဆားထုတ်လုပ်ရာသီ၌ မွန်ပြည်နယ်အတွင်းရှိ ဆားကွင်းဧက ၃၀ဝ၀ နီးပါးခန့်တွင် ဆားကြမ်းတန်ချိန် ၂၇,ဝဝဝ ကျော် ထုတ်လုပ်ရန်လျာထားကြောင်း အဆိုပါ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပင၊ ကျိုက္ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် နှစ်ကရင်၊ ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆား အများအပြား ထုတ်လုပ်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts