မွန်ပြည်သစ်ပါတီ (News Mon State Party-NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) တို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် မတရားအသင်းအဖြစ်မှပယ်ဖျက်လိုက်သည်။
အလားတူ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီအား အကြမ်းဖက်သူများမဟုတ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၈) တွင်လည်း ရေးသားဖော်ပြသည်။
နိုင်ငံတော်သမ္မတသည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် မတရားအသင်းအက်ဥပဒေအရ အထက်ပါအဖွဲ့အစည်းအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဌာနဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတော့မည် ဖြစ်သည်။