Homeသတင်း(၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ငွေကျပ်သိန်း (၅၀ဝ) ကျပ် မွန်ပြည်နယ်အစိုးရထောက်ပံ့

(၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ငွေကျပ်သိန်း (၅၀ဝ) ကျပ် မွန်ပြည်နယ်အစိုးရထောက်ပံ့

-

တပို့တွဲလဆုတ် ၁ ရက်(၁-၂-၁၈) နေ့တွင် ကျင်းပပြုလုပ်မည့် (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး မွန်ပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေ ကျပ်သိန်း (၅၀ဝ) ထောက်ပံ့ပေးကြောင်း သိရသည်။

“မွန်ပြည်နယ်အစိုးရကနေပြီး စုစုပေါင်း သိန်း (၅၀ဝ) ထောက်ပံ့ပေးမယ်။ ဒီသိန်း (၅၀ဝ) ထဲမှာ ဗဟိုက အာလုံးရတာ မဟုတ်ဘူး။ အဲထဲမှာ မြို့နယ်တစ်ခုရင် သိန်း (၂၀) လျာထားတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်မှအပ ကျန် (၉) မြို့နယ်တွင် ကျင်းပမည့်မွန်အမျိုးသားနေ့အခန့်အနားအတွက် မြို့နယ်တခုကို ငွေကျပ် သိန်း (၂၀) စီနှင့် ဗဟိုအခန်းအနား ကျင်းပရေးအတွက် (၃၂၀) သိန်း အသုံးပြုသွား ရမည်ဟု ဝန်ကြီးက ဆိုပါသည်။

အလားတူ ကရင်ပြည်နယ်အစိုးရထံမှ မွန်အမျိုးသားနေ့ (ဗဟို) အခန်းအနားအတွက် ငွေကျပ်သိန်း (၁၀ဝ) ထောက်ပံ့ပေးကြောင်း သိရသည်။

မွန်အမျိုးသားနေ့ဗဟို အခန်းအနား ပြင်ဆင်ရေးဆပ်ကော်မတီရအတွက် သိန်း (၇၀) နှင့် ဖျော်ဖြေရေး ဆပ်ကော်မတီအတွက် သိန်း (၁၀ဝ) ကျော် အပါဝင် ဗဟိုအခန်းအနားကျင်းပရေးအတွက် စုစုပေါင်း သိန်း (၇၈၀) လျာထားကြောင်း မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ချစ်ဦးက ပြောသည်။

နိုင်ချစ်ဦးက “မွန်ပြည်နယ် အစိုးရကပေးတဲ့ ဗဟိုအခန်းအနားအတွက် သိန်း (၂၀ဝ) ကို ထုတ်ထားပြီးပြီ၊ ကျန်တဲ့ သိန်း (၃၀ဝ) ကို တစ်ရက် နှစ်ရက်အတွင်းမှာ ထုတ်သွားမယ်။ ဒီအထဲမှာ မြို့နယ်အဆင့်တွေကို သိန်း (၂၀) ဆီ ထုတ်ပေးမယ်။ မြို့နယ်အဆင့်ကိုလဲ တရားဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်တွေကိုပဲ ထုတ်ပေသွားမယ်” ဟု ဆိုသည်။

၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ပိုစတာ(Copy)
ဒီနှစ် (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို အခန်းအနားကို ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယမန်နှစ်ကျင်းပပြုလုပ်ခဲ့တဲ့ (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် မွန်ပြည်နယ်အစိုးရက ငွေကျပ် (၁၅၀) သိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts