spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းရာဘာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြရန် မွန်ပြည်နယ်အစိုးရ တိုက်တွန်း

    ရာဘာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြရန် မွန်ပြည်နယ်အစိုးရ တိုက်တွန်း

    -

    မွန်ပြည်နယ်တွင် ရာဘာဘာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်များကို အားထုတ်ကြိုးပမ်းကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် ရာဘာဘာလုပ်ငန်းရှင်များအား တိုက်တွန်းလိုက်သည်။

    ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးကောင်း ရော်ဘာများ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် ရော်ဘာအထွက်နှုန်းတိုးတက် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဟု နိုဝင်ဘာ ၂၁ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရက ထုတ်ပြန်လိုက်သည့် တိုက်ထွန်းချက်တွင် ပါရှိသည်။

    မွန်ပြည်နယ်အစိုးရ၏တိုက်တွန်းစာ(Copy)
    “ရာဘာ အရည်အသွေးကောင်းဖို့က အက်စစ်က အရေးကြီးတယ်၊ ဖော်မစ်အက်စစ်ကို မသုံးပဲနဲ့ အခုသုံးနေကြတဲ့ အက်စစ်ကိုပဲ သုံးမယ်ဆိုရင် ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် အမြင့်ဆုံး grade 4 လောက်ပဲ ရမယ်၊ အမှိုုက်တွေ ဘယ်လောက်ပဲ ကင်းစင်အောင် လုပ်ထားလုပ်ထား အဲလောက်အဆင့်ပဲ ရမယ် အဲတော့ ဖော်မစ်အက်စစ်က အရေးကြီးတယ်၊ ဖော်မစ်အက်စစ်ကို ပြောင်းသုံးမှသာလျှင် အရည်အသွေးက တက်မယ်၊ အရည်အသွေးသာ ကောင်းကောင်းထုတ်နိုင်ရင် ဝယ်မယ့်သူက အသင့်ရှိနေတယ်၊ ဈေးလည်းကောင်းကောင်းရမယ်၊ အခုက ဈေးကွက်ယှဉ်ပြိုင်မှု ရှိလာတာတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။
    ရာဘာထုတ်လုပ်ရာတွင် ဖော်မစ်အက်စစ်အသုံးပြုခြင်း၊ (၆၀/၈၀) ဇကာဖြင့် ဖုန်၊ သဲ၊ ခဲနှင့် အမှိုက်များ ကင်းအောင် စစ်၍ ထုတ်လုပ်ခြင်း၊ အထွက်နှုန်းတိုးစေရန်အတွက် မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ ထောက်ခံထားသည့် BPM-24, RRIC-100, RRIM-717, PB-260, PB-235 အစရှိသည့် ရော်ဘာမျိုးများ စိုက်ပျိုးရန် မှန်ကန်သော အချိုးအစားဖြင့် မြေသြဇာစနစ်တကျကျွေးခြင်းများ လိုက်နာဆောင်ရွက်ရန် အရေးကြီးသည်ဟု သူကဆက်ပြောသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသည့် အရည်အသွေးမြင့်ရာဘာများကို ဝယ်ယူရန် စင်္ကာပူ၊ တရုတ်၊ ဂျပန်ဈေးကွက်များမှ ကမ်းလှမ်းလာမှုများကြောင့် ရော်ဘာဈေးကွက်အခွမ်းအလမ်းသစ်များနှင့်အတူ မွန်ပြည်နယ်တွင် ရော်ဘာဗဟိုဈေးကွက်တစ်ခု ဖော်ဆောင်နိုင်မည့် အခြေအနေကောင်းများရရှိနေပြီ ဖြစ်၍ ရော်ဘာတောင်သူများ အဆင့်အတန်းမီ ရော်ဘာအရည်အသွေးကောင်းများ ပိုမိုထုတ်လုပ်ရန် လိုအပ်လာပြီးဖြစ်သည်ဟုလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

    မွန်ပြည်နယ်အစိုးရအနေဖြင့်လည်း ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မိတ်ဖက်အဖွဲ့များ၏ အင်အားနှင့်အတူ ကြိုးပမ်းလျက်ရှိကြောင်း ရော်ဘာအရည်အသွေးမြှင့်တင်ရန်၊ ဈေးကွက်ပီပြင်ရန်၊ အထွက်နှုန်းတိုးတက်ရန်နှင့် ကုန်ကြမ်းသုံးစက်မှုလုပ်ငန်းများဖြစ်ထွန်းရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

    မွန်ပြည်နယ်သည် ရာဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခုဖြစ်ပြီး အများစုသည် အသေးစား ရာဘာစိုက်ပျိုးသူများဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုးသူများဖြစ်သည်ဟု မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

    မွန်ပြည်နယ်တစ်ခုလုံးတွင် ရာဘာစိုက်ပျိုးမြေ ဧက ၅ သိန်းခန့်ရှိပြီး၊ ဧက ၃သိန်းကျော်မှာ ရာဘာထုတ်လုပ်လျက်ရှိကာ ကုန်ချောထုတ်လုပ်နိုင်သည့်နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြုပ်နှံမှုမရှိသေးသည့်အတွက် ကုန်ကြမ်းအဖြစ်သာ ပြည်ပသို့ တင်ပို့နေရဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts