Homeသတင်းမွန်ပြည်နယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၁၀ဝ၀ ကျော် ဈေးကျ

မွန်ပြည်နယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၁၀ဝ၀ ကျော် ဈေးကျ

-

မွန်ပြည်နယ်အတွင်း ကွမ်းသီးအစိုပေါ်ချိန် နိုဝင်ဘာလတွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ကျော်အထိ ဈေးကျသွားသည်ဟု ပြည်နယ်အတွင်းရှိ ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသူတို့က ပြောသည်။

ကွမ်းသီးခြောက်ဈေးသည် အောက်တိုဘာလကုန်ထိ တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ကျော်ရှိရာမှ နိုဝင်ဘာလမှစပြီး တစ်ပိသာလျှင် တစ်ပိဿာ ကျပ် ၄၈၀ဝ ထိ ဈေးသွားကြောင်း ကွမ်းသီးအသစ် ထွက်သည့်ကာလဖြစ်သည့်အတွက် လက်ရှိဈေးထက် ဆက်လက်ကျဆင်းရန်ရှိကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးဝင်းဖေက ပြောသည်။

ကွမ်းသီးခြောက်(Internet)
”ဒီလမှာဈေး ကျသွားတယ်၊ အသစ်တွေထွက်နေတယ်ဆိုတော့ ဈေးကျသွားတဲ့သဘောပါ၊ ကွမ်းသီးက တစ်ဖြည်းဖြည်း ထွက်တော့မယ်ဆိုတော့ ကွမ်းသီးဈေးက နောက်ထပ် ထပ်ကျသွားဖို့ရှိတယ်” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်တွင် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကွမ်းသီးအများဆုံး ထွက်ရှိရာဒေသဖြစ်ပြီး ဒေသထွက် ကွမ်းသီးများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ အစရှိသည့် မြို့ကြီးများသို့ အဓိက တင်ပို့ချရောင်းချသည်ဟု ကွမ်းသီးရောင်းဝယ်သူတို့ထံမှ သိရသည်။

“ဒီနှစ်မှာ ကွမ်းသီးအထွက်နှုန်းများတယ်၊ ကွမ်းသီးအစိုဈေးကလည်းကောင်းတယ်၊ ဒါကြောင့်ကွမ်းသီးကို အခြောက်မခံတော့ဘူး အစိုကိုပဲ ထုတ်ရောင်းတယ်၊ အခု ရေးမှာ မန္တလေးဘက်က လာဝယ်နေကြတယ်” ဟု ရေးမြို့မှ ကွမ်းသီးခြံပိုင်ရှင် ဦးနိုင်သန်းက ပြောသည်။

ရေးမြို့နယ်သည် ရာသီအလိုက်ထွက်သည့် ကွမ်းသီး၊ ဒညင်းသီး၊ ဒူးရင်းသီး၊ မင်းကွတ်သီး၊ သံပုရာသီး စသည့်သစ်သီး ဥယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းတို့ဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး အဓိက ကွမ်းသီးနှင့် ရာဘာသည် ၄င်းတို့ဒေသ၏ အဓိက စိုက်ပျိုးလုပ်ကိုင်သည့် လုပ်ငန်းများဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts