Homeသတင်းရှမ်းနှင့်ရခိုင်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် မဖြစ်နိုင်သေး

ရှမ်းနှင့်ရခိုင်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် မဖြစ်နိုင်သေး

-

ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ Union Political Dialogue Joint Committee-UPDJC မှ ထွက်ပေါ်လာသောရလဒ်များအရ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

“တိုးတက်မှုမရှိဘူး။ အဲဒီအတိုင်းပါပဲ။ ရှမ်းမှာကတော့ ဟိုဘက်(အစိုးရ) က သဘောတူတာကတော့ မိုင်းပန် ပေါ့။ ဒါပေမဲ့ ရှမ်းတွေကတော့ ဒီတောင်ကြီးမှာပဲ လုပ်မယ်ပေါ့။ အဲဒါကလဲ ဒီအတိုင်းပဲ ရှိပါသေးတယ်။ ဆက် လက်ညှိနှိုင်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြီးသွားတယ်။ ရခိုင်မှာလည်း စစ်တွေမှာ လုပ်ချင်တယ်။ ဒါမှမဟုတ် အစိုးရ သတ်မှတ်ပေးမလားဆိုပြီး ဒီပုံစံတွေ ပြောပေမယ့် ရခိုင်မှာတော့ လုပ်ဖို့ကို မလုပ်စေချင်တဲ့သဘော ရှိသေး တယ်” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွှန့်က ပြောသည်။

(၁၂) ကြိမ်မြောက် UPDJC အစည်းအဝေး(NRPC)
နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ (၁၂) ကြိမ်မြောက် UPDJC အစည်းအဝေးကို အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီအချိန် ကျင်းပရာတွင် UPDJC ဒုတိယဥက္ကဋ္ဌ ကိုယ်စား တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ EAOs ၏ UPDJC အဖွဲ့ခေါင်းဆောင် ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သေးသော RCSS နှင့် ALP နေရာတို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပေးရန် အစည်းအဝေး မိန်းခွန်း၌ တိုက်တွန်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ညီလာခံကျင်းပပြီးတော့ ၅ လအကြာမှ ထပ်လုပ်ပြီး ပြန်ဖြစ်တဲ့ပွဲဆိုတော့ ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတော့ တစ်ခါတလေ နည်းသွားတာရှိမယ်။ ဘာလိုပဲဖြစ်ဖြစ် သွားတာ တော့ သွားရမှာပဲ။ ပြီးတော့ မြင်တာတစ်ခုက ဒီပွဲမှာတော့ ဆွေးနွေးကြတယ်။ ဟိုဘက်ဒီဘက်ကို တကယ်ကို ပြင်းပြင်းထန်ထန် ဆွေးနွေးတာတွေလည်း ပါတယ်။ အဲဒါကျွန်တော်ကတော့ ကြိုက်ပါတယ်။ Dialogue ဆိုတာ တော့ ဒီလိုပဲ ဖြစ်ရမှာပဲ။ သဘောတူတာ မတူတာတော့ ရှိကြတာပဲ။ အစုအဖွဲ့သုံးခုလုံးကတော့ ပွင့်ပွင့်လင်းလင်း နဲ့ တကယ့်ကို ဆွေးနွေးခဲ့ကြတယ်။ ဒီအခင်းအကျင်းကိုတော့ သဘောကျပါတယ်” ဟု စိုင်းကျော်ညွှန်က UPDJC အစည်းအဝေးအပေါ် မှတ်ချက်ပြုသည်။

UPDJC ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသော ပထမအကြိမ်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

UPDJC သည် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ကို ပဲ့ကိုင်ရန်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲရန် လည်း တာဝန်ရှိသည်။ ထို့အပြင် ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံကျင်းပရန်အတွက်လည်း တာဝန်ရှိသည်။ UPDJC တွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များဖြင့် အုပ်စုတစ်ခုလျှင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ စုစုပေါင်းအဖွဲ့ဝင် ၄၈ ဦးပါဝင်သည်။

ယခင်အစိုးရ လက်ထက်တွင် UPDJC ကိုသမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တာဝန်ယူခဲ့ပြီး ယခုအစိုးရလက် ထက်တွင် UPDJC ကို ၂၀၁၆ ခုနှစ်၊ ဇွန် ၂၈ ရက်က အသစ်ပြန်လည်ဖွဲ့စည်းလိုက်ရာ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts