မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်ရေး အစီရင်ခံအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် သြဂုတ်လ (၁၇) ရက်နေ့၌ အများပြည်သူလူထုကို ရှင်းလင်းခဲ့ရာ လူအများစုက ထောက်ခံသော်လည်း ကန့်ကွက်သည့် လူအနည်းစု၏ အကျိုးစီးပွားကိုလည်း ကြည့်ရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က “တဖက်နဲ့ တဖက် အယူဝါဒတခု၊ ခံယူချက်တခုကို လုံးဝမလွှတ်ဘူး ဆုပ်ကိုင်ထားမယ်ဆိုလို့ ရှိရင်တာ့ ဒီမိုကရေစီမ ဟုတ်ဘူး။ ဒီမိုကရေစီဆိုတာက အများစုရဲ့ ဆန္ဒကိုလေး စားရသလို အနည်းစုရဲ့အခွင့်ရေးကိုလည်း ကျွန်တော်တို့ ကာကွယ်ပေးရမှာဖြစ်ပါတယ်။ လူတစ်ရာမှာ ရှစ်ဆယ်က ထောက်ခံမယ်၊ နှစ်ဆယ်ကကန့်ကွက်မယ်ဆိုရင်လည်း နှစ်ဆယ်ရဲ့အကျိုးစီးပွားကို ကြည့်ရမှာ ဖြစ်ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မော်လမြိုင်ဘိလပ်မြေရုံမှ ကျောက်မီးသွေးသုံးလျှပ်စွမ်းအင်နှင့်ပတ်သတ်ပြီး ဆန့်ကျင်ကန့်ကွက်မှု များကိုလည်း လက်ခံရရှိထားကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။
ရှင်းလင်းပွဲတက်ရောက်သူ နိ်ုင်ရဲဇော်က “ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်သူတွေ စကားတစ်ခွန်းမှ မပြောဘူး။ ကျွန်တော်တို့ကို ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ရောက်ရှိလာတဲ့ ဒီကျောက်မီးသွေးဓါတ်အား ပေးစက်ရုံ (၂) ရုံ ကိစ္စကိုပဲ ကျွန်တော်တို့ Complain လုပ်တယ်” ဟု ဆိုသည်။
ကျောက်မီးသွေးလျှပ်စစ်စွမ်းအင်အသုံးပြုမှုကို ပွင့်လင်းမြင်သာစွာချပြခဲ့ခြင်းမရှိဘဲ စက်ရုံလည်ပတ်မှသာ ကျောက်မီး သွေးသုံးစွဲနေသည်ကို ဒေသခံပြည်သူများသိရှိခဲ့ရသည်ဟု နိုင်ရဲဇော်က ဆက်ပြောသည်။
မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) စက်ရုံလည်ပတ်ရန်အတွက် ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ်နှင့် စက်ရုံမှစွန့်ပစ်လေပူ Waste Heat Generator (WHG) မှတဆင့် ၉ မဂ္ဂါဝပ်ကို ထုတ်ယူသုံးစွဲလျက်ရှိသည်ဟု သိရသည်။
သို့ရာတွင် ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိသေးဘဲ ၄၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေသည့်အတွက် မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာရေးရာကော်မတီမှ မော်လမြိုင်ဘိလပ်မြေ စက်ရုံ MCL အား အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။