spot_img
Saturday, December 13, 2025
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် အလှပ်ကျေးရွာရေတာတမံနှင့် နေအိမ်အချို့ပျက်စီး

    ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် အလှပ်ကျေးရွာရေတာတမံနှင့် နေအိမ်အချို့ပျက်စီး

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပင်လယ်ရေတာတမံ ပေ ၃၀ဝ ခန့်နှင့် နေအိမ် ၅ လုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မေလ ၂၇ ရက်နေ့ ညနေပိုင်းအချိန်ခန့်က မိုးကြီးလေကြီးပြီး လှိုင်းလုံးရိုက်ခတ်မှုကြောင်း ဧပြီလအတွင်းက တည်ဆောက်ပြီးစီးထားသည့် ပင်လယ်ရေတာတမံ ပေ ၃၀ဝ ခန့်နှင့် နေအိမ် ၅ လုံး ပြိုကျ ပျက်စီးသွားခြင်းဖြစ်သည်။

    အလှပ်ကျေးရွာရေတာတမံနှင့် နေအိမ်အချို့ပျက်စီးနေပုံ(MNA)

    အလှပ်ကျေးရွာရေတာတမံနှင့် နေအိမ်အချို့ပျက်စီးနေပုံ(MNA)
    “မနေ့က (မေ ၂၇ ရက်နေ့) မိုးလေကြီးတော့ လှိုင်းလုံးလဲတော်တော်ကြီးတယ်၊ တမံပြိုကျသွားတော့ အနီးနားမှာရှိတဲ့ အိမ်တွေ ရေတိုက်စားသွားတာ” ဟု အလှပ်ကျေးရွာနေ ဦးကြည်မြင့်က ပြောသည်။

    ပင်လယ်နှင့်နီးသည့် အလှပ်ကျေးရွာသည် ပင်လယ်ရေတိုက်စားမှုဒဏ်ကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပြီး ရေတိုက်စားခြင်းကို ကာကွယ်ရန်အတွက် အစိုးရဘတ်ဂျက် ကျပ်သိန်းပေါင်း ၄၅၆၀ ဖြင့် ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ပင်လယ်ရေတားတမံကို တည်ဆောက်ခဲ့ကာ ဧပြီလတွင်တည်ဆောက်မှုပြီးစီးခဲ့ခြင်းဖြစ်သည်။

    “တမံအရှည်အားလုံးက ပေ ၁၂၀ဝ လောက်ရှိတယ်၊ မနေ့က ရေတိုက်စားလို့ ပျက်စီးတာ ပေ ၃၀ဝ လောက်ရှိတယ်၊ ရေတိုက်စားမှုက နှစ်တိုင်း ဖြစ်နေကြပဲ ရေတိုက်စားတဲ့နေရာမှ ကျနော်တို့ဆီက ဘယ်သူမှ မနေရဲကြဘူး အခုနေနေကြတာက ရွှေ့ပြောင်းအလုပ်သမားတွေပါ” ဟု အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောသည်။

    ရေတားတမံပြိုကျပျက်စီးသွားသည့်အခြေအနေကို မေ ၂၈ ရက်နေ့က ဆည်မြောင်ဦးစီးဌာနမှ လာရောက်ကြည့်ရှုးသွားကြောင်း တမံကိုပြန်လုပ်ပေးမည်ဟု ပြောသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

    ရေတားတမံပျက်စီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး သိန်းတစ်ထောင်၊ နေအိမ်ပျက်စီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၃ သိန်းကျော်ရှိကြောင်း ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

    အလှပ်ကျေးရွာ၏ ရေတိုက်စားမှုကို ကာကွယ်ရန်အတွက် မိုးဦးကာလအတွင်း ဒီရေတောပင်များကို စိုက်ပျိုးသွားမည်ဟု စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts