Homeသတင်းချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးသူဦးရေ ၃၅% ရာနှုန်းသာရှိ

ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးသူဦးရေ ၃၅% ရာနှုန်းသာရှိ

-

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ၂၀၁၇ ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိသည့်အနက် မဲပေးသူဦးရေ ၄၇၀ဝ၀ သာရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းအရ သိရသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ကွမ်ယိုက်ကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၆၃၀ဝ ကျော်ရှိသည့်အနက် မဲပေးသူ ၂၀ဝ၀ ကျော်၊ သက္ကောကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၅၈၀ဝ ကျော်ရှိသည့်အနက် မဲပေးသူ ၁၇၅၄ မဲ၊ မုဒူးကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၅၂၀ဝ ကျော်အနက် မဲပေးသူ ၂၁၀ဝ ကျော်၊ ကညှော်ကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၇၃၀ဝ ကျော်အနက် မဲပေးသူ ၃၀ဝ ကျော်ရှိပြီး၊ ရာနှုန်းအားဖြင့် မဲပေးသူ ၃၅ သာရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးထွန်းရီ က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ(MNA)

ဦးထွန်းရီ က “ မဲလာရောက်ထည့်တာကတော့ ၃၅ ရာနှုန်းလောက်ပဲရှိပါတယ်၊ စိတ်မဝင်စားတာများလို့ အခုလို မဲထည့်သူဦးရေ လျော့နည်းလာရတာ ဖြစ်တယ်” ဟုပြောသည်။

၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၇၂၄၉ ဦးအနက် မဲပေးသူ ၅၆၅၇၃ ဦးရှိခဲ့ကြောင်း အဆိုပါ ကော်မရှင်၏ စာရင်းများအရသိရသည်။

ဘီလူးကျွန်း ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ခင်သန်းနုက’ ဒေသခံအများစုကတော့ ကိုယ့်ဝမ်းစာရေးအတွက် အာရုံစိုက်ကြတာများတယ်။ ဒါပေမယ့် ဘယ်သူ ပဲတက်တက် ဒေသရဲ့လိုအပ်ချက်နဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ရင် ကောင်းပါတယ်’ ဟုပြောသည်

အဆိုပါလစ်လပ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD)မှ ဦးအေးဝင်း၊ မွန်အမျိုးသားပါတီ (MNP)မှ နိုင်စိန်မြမောင်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)မှ ဦးဝင်းထွဋ်(ခ) ဦးမြဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးအောင်ကြည်သိန်း နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ဦးတင့်ဝေ တို့ဝင်ရောက်ယှဉ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၈၉၃၅ဦးမှ မဲပေးသူ ၅၂၅၆၁ ဦးရှိခဲ့ကြောင်း ကော်မရှင်၏ စာရင်းများအရ သိရသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီး ၄င်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် အဖြစ်တာဝန်ပေးအပ်ခြင်း ခံရသည့် အတွက် ၄င်းမဲဆန္ဒအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts