Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးသံလွင်တံတား (ချောင်းဆုံ) အမည်ကိစ္စ မော်လမြိုင်မြို့တွင် ထပ်မံဆန္ဒပြမည်

သံလွင်တံတား (ချောင်းဆုံ) အမည်ကိစ္စ မော်လမြိုင်မြို့တွင် ထပ်မံဆန္ဒပြမည်

-

မွန်ပြည်နယ်၊ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟု တံတားအမည်ပေး ရန် စီစဉ်နေမှုအပေါ် လာမည့်မတ်လ ၁၉ ရက်နေ့တွင် မော်လမြိုင်မြို့၌ မွန်လူထုတရပ်လုံးကန့်ကွက်မည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ထပ်မံပြုလုပ်ရန် စီစဉ်နေကြောင်း ဦးဆောင်သူများထံမှ သိရသည်။

လက်ရှိတွင် သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေး ကော်မတီတရပ်ဖွဲ့စည်းထားပြီး ၄င်းကော်မတီအနေဖြင့် မြို့နယ်အသီးသီးသို့ သွားရောက်၍ သက်ဆိုင် ရာဒေသခံခေါင်း ဆောင်များ၊ သံဃာတော်များနှင့် ဆန္ဒထုတ်ဖော်ရေးအတွက် လိုက်လံဆွေးနွေးညှိနှိုင်းလျှက်ရှိသည်။

မတ်လ (၂) ရက်နေ့က ဒေသခံ (၃၀ဝ၀) ကျော်ဆန္ဒထုတ်ဖော်စဉ်(MNA)

သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီဝင် နိုင်မွန်ရာဇာက “ဒီတစ်ခေါက်လုပ်မည့် ဆန္ဒထုတ်ဖော်ပွဲကိုတော့ ငြိမ်စုစီဥပဒေအတိုင်းပဲ စာတင်ပြီးတော့ ကျွန်တော်တို့ အေးအေးချမ်းချမ်းနဲ့ လုပ်သွားမှာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲ ကျင်းပနိုင်ရေး လိုအပ်သည့် ကြွေးကြော်သံများ၊ ဟောပြောမည့်ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာသို့ တရားဝင် ဆန္ဒထုတ်ဖော်ခွင့်စာ တင်နိုင်ရေးစသည့် ကိစ္စရပ်များအတွက် သံလွင်တံတား (ချောင်းဆုံ) အမည် ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီတို့က မတ်လ (၁၄) ရက် နေ့လည်ပိုင်း ၁ နာရီ အချိန်တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပသွားမည်ဟု ဆိုသည်။

ချောင်းဆုံမြို့နယ်မှ ဘိုးနက်ကျောင်းဆရာတော် ဘဒ္ဒန္တဇေယျဝံသက “အခုလုပ်မည့်ဆန္ဒထုတ်ဖော်ပွဲက မွန်လူ ထုအင်အား တစ်သောင်းခန့် ပူးပေါင်းပါဝင်နိုင်ရန် လျာထားပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ကြားထား သည်။

သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီအား ပြီးခဲ့ သည့် မတ်လ (၇) ရက်နေ့က မော်လမြိုင်မြို့ ဓါတုမာလာမွန်ပရိယတ္တိစာသင်းတိုက်တွင် အနယ်နယ်အရပ်ရှိ မွန်တိုင်းရင်းသားအဖွဲ့ဝင် (၉၆) ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ သံလွင်တံတား(ချောင်းဆုံ)အား “ ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟုအမည်ပေးရန် ပြည်သူ့လွှတ်တော်မှ အဆိုတင်သွင်းထားမှုကို ဒေသခံဌာနေတိုင်းရင်းသား များ၏ သဘောထား ရယူခြင်းမရှိဘဲ ၄င်းအဆိုအား ပြန်လည်ရုပ်သိမ်းပေးပါရန် မတ်လ (၂) ရက်နေ့က ချောင်းဆုံးမြို့နယ် ဒေသခံ (၃၀ဝ၀) ကျော်တို့က တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

1 COMMENT

  1. Protest against undesirable will of the people is truly righteous work and even the Parliament take decision on majority vote, whether who will politically harvest the advantages exhibit there after in history so far.

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts