spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်နှုတ်ထွက်ကြောင်း ဦးမင်းမင်းဦးပြော

    မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်နှုတ်ထွက်ကြောင်း ဦးမင်းမင်းဦးပြော

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဦးမင်းမင်းဦးသည် ရာထူးမှ နှုတ်ထွက်မည် ဖြစ်ရာ လာမည့်တနင်္လာနေ့တွင် လွှတ်တော်နှင့်သမ္မတထံသို့ တင်ပြသွားမည်ဟု ဖေဖော်ဝါရီ ၁၈ ရက်က မွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားလိုက်သည်။

    “ဟုတ်ပါတယ်။အဲဒီသတင်းက ကျွန်တော်ကြိုပြီးတော့ ပြောလိုက်တာပါ။ လာမယ့်တနင်္လာနေ့မှာ လွှတ်တော်နဲ့ သမ္မတ ဆီကို တင်ပြသွားမယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး(Internet)

    ဦးမင်းမင်းဦးသည် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူး အပါအဝင် စည်ပင်သာယာရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပါ ပူးတွဲရာထူးမှ နှုတ်ထွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ရာထူးမှ နှုတ်ထွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် လပိုင်းအတွင်းက သတင်း များထွက်ပေါ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း ဦးဆောင်သော စုံစမ်းရေးအဖွဲ့မှ စုံစမ်း မေးမြန်းမှုများကိုလည်း ခံထားရသူ ဖြစ်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ နှုတ်ထွက်ကြောင်း မရေးသားခင် ဖေဖော်ဝါရီ ၁၇ ရက်တွင် မွန်ပြည်နယ်၊ကျိုက်ထိုမြို ့၌ မွန်ပြည်နယ်အလုပ်အမှုဆောင် ဥက္ကဌ ဒေါက်တာခင်ဆောင်၊ ကျိုက်ထိမြို့နယ် အလုပ်အမှုဆောင်ဥက္ကဌ ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးမင်းမင်းဦးတို့နှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

    ထိုနောက် Min Min Oo အမည်ဖြင့် ဝန်ကြီးချုပ်ရုပ်ပုံ ဖော်ပြထားသည့် လူမှုကွန်ယက်အင်တာနက် Facebook တွင် “နှုတ်ထွက်ပါပြီး၊ အားလုံးကိုကျေးဇူးတင်ပါတယ်၊ ဖြစ်တည်မှုအားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာဘဲ” ဟု မှတ်ချက်ပြုရေးသားထားသည်ကို တွေ့ရှိရသည်။

    ၂၀၁၅ ရွေးကောက်ပွဲမှ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ရွေးကောက်တင်မြှောက်ခံထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းမင်းဦးက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး ကျင်းပသည့် ၂၀၁၆ မတ်လ ၃ ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလက်မှတ်ရေးထိုးပြီး တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts