Homeသတင်းဓါတ်အားလိုင်းသွယ်တန်းရန် ခုတ်လှဲမည့်ရာဘာပင်များအတွက် နစ်နာကြေးမရမည်ကိုစိုးရိမ်

ဓါတ်အားလိုင်းသွယ်တန်းရန် ခုတ်လှဲမည့်ရာဘာပင်များအတွက် နစ်နာကြေးမရမည်ကိုစိုးရိမ်

-

မွန်ပြည်နယ်-မော်လမြိုင်မြို့မှ ကရင်ပြည်နယ်-မြဝတီမြို့သို့ ဓါတ်အားလိုင်းသွယ်တန်းရာလမ်းတလျှောက်ရှိ ရာဘာပင်နှင့် အခြားသီးနှံပင်များခုတ်လှဲရမည်ဖြစ်သည့်အတွက် လျော်ကြေးမရမည်ကို စိုးရိမ်နေကြကြောင်း ကော့ကရိတ်မြို့နယ်၊ မင်းရွာကျေးရွာဒေသခံများက ပြောသည်။

မင်းရွာကျေးရွာနေ ဦးရွှေမိန်က “မနှစ်ကတည်းက တိုင်းတာမှုတွေ အနည်းငယ်လုပ်နေတာရှိတယ်။ မြေတိုင်းတာတွေ၊ ဓါတ်မီးတိုင်စိုက်ဖို့ အတွက် မြေအကျယ်ဝန်းတွေကို တိုင်းတယ်။ ဒီနှစ်မှ ကုမ္မဏီကတာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တို့ခြံရှင်တွေနဲ့ ဘယ်ခြံက အပင်ဘယ်လောက်ခုတ်ပစ်ရမှာလဲ အပင်တွေရေတွက်ဖြစ်တာပေါ့။ အပင်လျောကြေးရ၊ မရကိုတော့မသိသေး ဘူး” ဟု ဆိုသည်။

ဓါတ်အားလိုင်းဖြတ်သန်းမည့် ရာဘာခြံတစ်နေရာ(MNA)
ဓါတ်အားလိုင်းဖြတ်သန်းမည့် ရာဘာခြံတစ်နေရာ(MNA)
အဆိုပါဒေသတွင် ၁၀ နှစ်သက်တမ်းရှိရာဘာပင်များဖြစ်သည့်အတွက် တစ်ပင်လျင်ငွေကျပ်ခုနှစ်သောင်း (၇၀,ဝ၀ဝ)ကျပ် လျော်ပေးရန် ရာဘာပင်ခုတ်လှဲရန်စစ်စဉ်နေသည့် Bedok Co.ltd ကုမ္မဏီအား တောင်းဆိုထားသည်ဟု ပြောသည်။

ရာဘာခြံပိုင်ရှင် ဦးငွေထွန်းက “ရာဘာပင်တွေက နှစ်ရှည်ပင်ပါ။ ကျနော်တို့ရာဘာပင် တစ်ပင်ဟာ ပေါင်အနေနဲ့တွက် မယ်ဆိုရင်တစ်နှစ် ၈ ပေါင်လောက်ထွက်ပါတယ်။ အနည်းဆုံးအနှစ် ၂၀ အကျိုးခံစားခွင့်ရတယ်။ အဲဒါကြောင့် တစ်ပင် ကို တစ်သိန်းခြောက်သောင်းလောက်တန်ကြေးရှိပါတယ်။ ကျနော်တို့က တစ်ပင် ၇ သောင်းကျပ်လောက် လိုချင်ပါတယ်” ဟု ဆိုသည်။

ဓါတ်အားလိုင်း သွယ်တန်းရာ မင်းရွာကျေးရွာပတ်ဝန်းကျင် စီမံကိန်းလုပ်ကွက်တွင် ရာဘာခြံ ၄၀ ခန့်ပါရှိပြီး ရာဘာပင်ပေါင်း ၉၀ဝ ခန့် ခုတ်လှဲရလိမ့်မည်ဟု ကုမ္မဏီတာဝန်ရှိသူ၏ ကောက်ခံထားသည့်စာရင်းများအရ သိရသည်။

Bedok Co.ltd Site Engineer ဦးအောင်မျိုးသူရက “အခုကျွန်တော်တို့ကောက်ခံထားတဲ့စာရင်းကို ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးကို စားရင်ပေးပို့ရမှာဖြစ်ပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနမှာ လျော်ကြေးစီစစ်ရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲ့သည့်အဖွဲ့ကပဲ ကွင်းဆင်းပြီး လျော်ကြေးကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ လျော်ကြေးကိစ္စက ကျွန်တော်တို့ကုမ္မဏီနဲ့မဆိုင်ဘူး” ဟုဆိုသည်။

မော်လမြိုင်-မြဝတီဓါတ်အားလိုင်းသွယ်တန်းရေးစီမံကိန်းကို ၂၀၁၅ ခုနှစ် နှစ်လယ်လောက်က စတင် အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး ၂၃၀ KV ဓါတ်အားလိုင်းသွယ်တန်းမည်ဟု Bedok Co.ltd ကုမ္မဏီ မှသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts