Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မည်ကဲ့သို့ကျင်းပမည်ကို မပြောနိုင်သေးဟုဆို

မွန်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မည်ကဲ့သို့ကျင်းပမည်ကို မပြောနိုင်သေးဟုဆို

-

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများ ကျင်းပအပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်း အလိုက် ဆက်လက်ကျင်းပကြမည်ဖြစ်ရာ မွန်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို မည်သည့် ပုံစံဖြင့် ကျင်းပသွားမည်ဆိုခြင်းကို မပြောနိုင်သေးကြောင်း မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှ တာဝန်ရှိသူများက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပြီးနောက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို တိုင်းနှင့်ပြည်နယ်အသီး သီး၌ ဆက်လက်ကျင်းပသွားနိုင်ရေး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် သုံးသပ်အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ ကြသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွန် TOR များ ရေးဆွဲရေး အလုပ်အဖွဲ့ အစည်းအဝေး(Hla Maung Shwe)
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွန် TOR များ ရေးဆွဲရေး အလုပ်အဖွဲ့ အစည်းအဝေး(Hla Maung Shwe)

“အခု မူဘောင်သုံးသပ်အစညး်အဝေးက ပြီးခဲ့တဲ့ ရက်ပိုင်းက NRPC မှာ လုပ်ခဲ့ကြတယ်။ဒါပေမဲ့ အတည်မပြု သေးဘူး ဘယ်လို ကျင်းပသွားမလဲဆိုတာကို အမျိုးသားအဆင့် ဘာတွေ ဆွေးနွေးမယ်ဆိုတာ တိတိကျကျ မထွက်သေးဘူး။ ဘယ်ခေါင်းစဉ်တွေ၊ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးကြမယ်ဆိုတာလည်း မထွက် သေးဘူး။ဒါတွေကို အရင်အတည်ပြုနိုင်မှ ပြောလို့ရမှာပါ“ ဟု UPDJC အဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး AMDP ဒေါက်တာမင်းနွယ်စိုး က ပြောသည်။

ထို့အပြင် စက်တင်ဘာ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် NRPC ရုံး၌ ပြီးခဲ့သည့် ရက်ပိုင်းက သုံးသပ်ဆွေးနွေးခဲ့ သော မူဘောင်ကို Reviwe ပြန်လုပ်မည်ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် မှ ၂၉ ရက်ထိ နေပြည်တော်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများ လုပ်နိုင်ရန် လုပ်ငန်းလမ်းညွန်ရေးဆွဲခြင်းကိုလည်း ပြန်သုံးသပ် ကြမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လို ကျင်းပမလည်းဆိုတာ UPDJC က မူဘောင် ရေးဆွဲနေ ပါတယ်။ မူဘောင် အတည်ပြုပြီးမှ ကျွန်တော်တို့ ဒါကို ပြောနိုင်မယ်။ အခုက မူဘောင် ရေးဆွဲတုန်း အဆင့်ပဲရှိ သေးတော့ မွန်ပြည်နယ်မှာ ဘယ်လို ကျင်းပသွားမလဲဆိုတာ မပြောနိုင်သေးဘူး။ မူဘောင် အတည်ပြု စိစစ်ပြီးမှ ဘယ်လို အကြောင်းအရာတွေကို ကျင်းပမယ် ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတာကို ပြောနိုင်မယ်။ ပြီးတော့ ဘယ်လို အစည်းအဝေးကို အမျိုးသားအဆင့် သတ်မှတ်မလဲ၊ ဘယ်လို ဆွေးနွေးမှုတွေကို လူမျိုး အလိုက် သတ်မှတ်မလဲ၊ ဒါတွေ အားလုံးက မူဘောင် အတည်ပြုမှ သိနိုင်မယ်”ဟု မွန်အမျိုးသားပါတီ MNP ဗဟိုအလုပ်အမှုဆောင် မင်းဇေယျာဦး ကဆိုသည်။

မွန်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသည့်အခါ မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် NCA လက်မှတ်မရေးထိုးရသေးသည့်အတွက် ဖြစ်ပေါ်လာမည့်အခက်အခဲအပေါ် စိုးရိမ်မှုများ ရှိနေ သော်လည်း မွန်လူမျိုးများ တစ်သံတည်း ထွက်ရန်လိုကြောင်း ဒေါက်တာမင်းနွယ်စိုး က ဆိုသည်။

မွန်ပြည်သစ်ပါတီ NMSP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်များတွင် အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ်ကို NCA လက်မှတ်မရေးထိုးရသေးပေ။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုများ ကျင်းပနိုင်ရေးအတွက် UPDJC မှ တာဝန်ရှိသူများသည် လုပ်ငန်းလမ်းညွန်ရေးဆွဲရေးအဖွဲ့ TOR ကို အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ စသည့် အစုအဖွဲ့များမှ ကိုယ်စားလှယ် ၃ ဦးစီ၍ ဖွဲ့စည်းကာ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များ ပါဝင်လာနိုင်ရေးအတွက်ကိုလည်း ကြိုးစား ဆောင်ရွက်နေကြောင်း လုပ်ငန်းလမ်းညွန်ရေးဆွဲရေးအဖွဲ့မှ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts