spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ အဘော်ကျေးရွာတွင် သက်ငယ်မုဒိန်းမှုဖြစ်ပွား

    ရေးမြို့နယ်၊ အဘော်ကျေးရွာတွင် သက်ငယ်မုဒိန်းမှုဖြစ်ပွား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာတောင်ဘက်ခြမ်း ရာဘာခြံတွင် ဇွန်လ ၁၁ ရက်နေ့၊ ညနေ ၃း၃၀ နာရီဝန်းကျင်က မူလတန်းကျောင်းသူ အသက် ၉ နှစ်အရွယ်အား တရွာထဲနေသူ မောင်မင်းဦး (ခ) အဘု (၂၄) နှစ်က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည် ဟုသိရသည်။

    အဘော်ကျေးရွာနေ မိ—— ငါးရှာထွက်ရန် လမ်း၌ တရွာထဲနေ မောင်မင်းဦး (ခ) အဘုနှင့် တွေ့ဆုံ၍ ငါးရှာပေးမည်ဟု လိမ်ညာပြောဆိုပြီး လူသူမရှိသည့် ရာဘာခြံအရောက်တွင် သားမယားပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

    အဆိုပါ မိ—– အား အခင်းဖြစ်ပွားသည့်နေ့တွင် ရေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ယနေ့ထိ အတွင်း လူနာအဖြစ် ဆေကုသခံလျှက်ရှိသည်ဟု အဘော်ကျေးရွာဒေသခံတဦးမှ သိရသည်။

    CRIME
    CRIME
    မိ—–၏ မိခင်မှ အဓမ္မပြုကျင့်သူ မောင်မင်းဦး (ခ) အဘုအား တရားဥပဒေအရ အရေးပေးပါရန် ဇွန် ၁၂ ရက်နေ့က ရေးမြို့မရဲစခန်းသို့ တိုင်ကြားထားသဖြင့် ၎င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေးမြို့မရဲစခန်းမှ မောင်မင်းဦး (ခ) အဘုအား (ပ) ၉၀/၂၀၁၆၊ ပုဒ်မ-၃၇၆၊ ပြစ်မှုကြီး အမှတ်စဉ် (၆/၂၀၁၆) အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။­

    အလားတူ ရေးမြို့နယ်တောင်ပိုင်း၊ ကဗျာဝရွာတွင် လွန်ခဲ့သည့် မတ်လ ၂၂ ရက်နေ့ ညနေ ၇ နာရီခန့်က အသက် (၄) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံမှု ဖြစ်ပွားခဲ့သည်။

    မွန်ပြည်နယ်တွင် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၉၀ ကျော်၊ ၂၀၁၅ ခုနှစ်တွင် အမှုပေါင်း (၁၀ဝ) ကျော် ဖြစ်ပေါ်ခဲ့ရာ သက်ငယ်အဓမ္မပြုကျင့်မှု အများဆုံးပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts