Homeသတင်းမွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပမည်

မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပမည်

-

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို လာမည့် ဇွန်လ ၂၇ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဌ က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး က“ ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့မှာ စမယ်၊ အဆို၊ မေးခွန်းတွေရဲ့ အခြေအနေ ကြည့်ပြီးတော့မှ အဆို၊ မေးခွန်းများရင် ရက်တွေများမယ်ပေါ့” ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လွှတ်တော်အထူးအစည်းအဝေး ထပ်မံကျင်းပပေးရန် တောင်းဆိုထားသော်လည်း လွှတ်တော် ဒု- ဥက္ကဌ ခရီးလွန်နေသည့်အတွက် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပမည့် အထူးအစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး ဇွန်လ ၂၇ ရက်နေ့သို့ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် အဆို၊ မေးခွန်းများကိုလည်း ယင်းအစည်းအဝေးတွင် ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ(MNA)
မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ(MNA)
ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန် က “လာမယ့် လွှတ်တော်ပုံမှန် အစည်းအဝေးမှာ အဆိုတင်သွင်းဖို့ မရှိပါဘူး၊ လွှတ်တော်ကိုယ်စားလှယ် ၈ ဦး လက်မှတ်ထိုးပြီး လွှတ်တော်အစည်းအဝေး ခေါ်တဲ့ကိစ္စကိုပဲ အဓိကထားပြီးတော့ လွှတ်တော်အစည်းအဝေးကျင်းပတဲ့နေ့မှာ ဆွေးနွေးသွားမယ်၊ ကျနော်တို့က အဆိုကို ကြိုပြီးတင်ရမယ်ဆိုတော့ တင်ဖို့ မမှီဘူးလေ” ဟု ပြောသည်။

ပြီးခဲ့သည့် လွှတ်တော် အထူးအစည်းအဝေးတွင် ဆွေးနွေးရန် အဆို၊ မေးခွန်း များ ကျန်ရှိနေသေးသည့်အတွက် လွှတ်တော် အထူးအစည်းအဝေး ထပ်မံကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် ၈ ဦး လက်မှတ်ရေးထိုးပြီး ဇွန်လ ၃ ရက်နေ့က လွှတ်တော်ဥက္ကဌ ဒေါ်တင်အိထံ တောင်းဆိုထားကြောင်းသိရသည်။

ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ က “ ဒီ ၂၇ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ အဆို တင်သွင်းဖို့ မရှိပါဘူး၊ မေးခွန်းနှစ်ခုတော့ ရှိပါတယ်” ဟုပြောသည်။

မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ဇွန်လ ၂-၃ ရက်နေ့တို့တွင် ကျင်းပခဲ့ပြီး အဆိုပါ အထူးအစည်းအဝေးတွင် မေးခွန်း ၁၇ ခု၊ အဆို ၅ ခု နှင့် အရေးကြီးအဆို တစ်ခု တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts