Homeသတင်းမလွှဲမရှောင်သာငွေတောင်းခံရသည်ဟု NMSP ဒုဥက္ကဌပြော

မလွှဲမရှောင်သာငွေတောင်းခံရသည်ဟု NMSP ဒုဥက္ကဌပြော

-

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဝင်ရဲဘော်များ ရပ်တည်နေထိုင်နိုင်ရေး အစိုးရထောက်ပံ့မှုမရှိသည့်အတွက် ဒေသခံများထံမှ မလွဲမရှောင်သာ ငွေတောင်းခံရသည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့(MNA)
မွန်ပြည်သစ်ပါတီတပ်ဖွဲ့(MNA)

မိမိတို့မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် တချို့နေရာများတွင် ငွေကြေးကောက်ခံနေသည်မှာမှန်သော်လည်း ဆက်ကြေးဟု သဘောမထားကြဘဲ အခွန်ပေးဆောင်သည်ဟု သဘောထားပေးကြရန် နိုင်ဟံသာက မေတ္တာရပ်ခံ ပြောဆိုလိုက်သည်။နိုင်ဟံသာ က “တချို့နေရာမှာ အန်ကယ်တို့ ရဲဘော်တွေနေဖို့ ထိုင်ဖို့ မလွဲမရှောင်သာ ကောက်ခံရတာရှိပါတယ်၊ ဒါကလည်း အများကြီးမဟုတ်ပါဘူး သူတို့ တတ်နိုင်သလောက်ကိုပဲ ကောက်ခံတာပါ၊ ဆက်ကြေးလို့ သဘောမထားစေချင်ဘူး၊ အခွန်လို့ဘဲ သဘောထားစေချင်တယ်၊ အစိုးရဘက်က တပ်မတော်ကို အစိုးရဘက်က ဘတ်ဂျက်ငွေနဲ့ ထောက်ပံ့ပေးတယ်၊ အန်ကယ်တို့ ရပ်တည်နေတာ ပြည်သူအပေါ်မူတည်တယ်၊ ပြည်သူထောက်ခံလို့ ရပ်တည် နေနိုင်တာပါ။ အလွန်အကျွန်မကောက်ခံပါဘူး”ဟု ဆိုသည်။ကျိုက်မရောမြို့နယ်အတွင်းရှိ ကဒါကျေးရွာအုပ်စု၊ ကနာလိုကျေးရွာအုပ်စု၊ မဲကရိုကျေးရွာ၊ သံဂလောင်ကျေးရွာ၊ လှာကဇိုင်ကျေးရွာအုပ်စု၊ အလယ်စုရပ်ကွက်နှင့် အနောက်စုရပ်ကွက် စသည့် ဒေသခံများထံမှ တစ်အိမ်လျှင် ငွေသုံးထောင်ကျပ် (သို့မဟုတ်) ဆန်သုံးပြည်ကို မွန်ပြည်သစ်ပါတီက ဇွန် ၆ ရက်မှ စတင်ကောက်ခံခဲ့ကြောင်း ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ဆိုသည်။လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်ရပ်သဘောတူညီမှုရရှိခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များရပ်တည်ရေးအတွက် နိုင်ငံတော်မှလစဉ်ရိက္ခာနှင့်ငွေထောက်ပံ့မှုများ ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။သို့ရာတွင် မွန်ပြည်သစ်ပါတီသည် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအပြီး ၂၀၁၂ ခုနှစ်အတွင်းက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပမာဏာ အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း လစဉ်ရိက္ခာနှင့်ငွေထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်းမရှိပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts